အပြုံးပန်းတစ်ပွင့်
ကူးယူပါ–
၁။ စကားလုံးများ သန်းပေါင်းများစွာ
တစ်နေ့လုံး တို့ပြောမဆုံးလည်း
ပန်းချီကားများ ရေးဆွဲလည်းပဲ
ရင်ထဲ ဘယ်လောက် စွဲလဲ
ဖေးမဝိုင်းဝန်း အားပေးရင်းနဲ့
တို့အချင်းချင်း ရိုင်းပင်းလည်း
တို့ သိပ်လိုနေတာက
ဒီလိုအပြုံးလေးပဲ
(ထပ်ကျော့ပိုဒ်)
ဒီအပြုံး စိတ်လန်းဆန်းသွားစေမှာ
ဒီအပြုံး တကယ် လမ်းစပွင့်စေတာ
အကောင်းဆုံးသာ ကြိုးစားရင်းနဲ့ ဆုတောင်းပါ
ပြုံးလိုက်ပါကွာ၊ အပြုံးလေးပဲ လိုတာ
၂။ ခက်ခဲတဲ့ လောကထဲမှာ ကြင်နာကင်းမဲ့၊ စိတ်အားငယ်
ဒီမျှော်လင့်ချက်များ ပျောက်ဆုံးလို့ စာနာမှုမဲ့ ဝန်းကျင်ထဲ
ခေါင်းငိုက်စိုက်လို့ စိတ်ပျက်ရလည်း ကယ်သူကင်းမဲ့ ဘဝထဲမှာ
ဟောပြောရမှာ ဒီသတင်းကောင်းကို ဒီလိုအပြုံးလေးနဲ့
(ထပ်ကျော့ပိုဒ်)
ဒီအပြုံး စိတ်လန်းဆန်းသွားစေမှာ
ဒီအပြုံး တကယ် လမ်းစပွင့်စေတာ
အကောင်းဆုံးသာ ကြိုးစားရင်းနဲ့ ဆုတောင်းပါ
ပြုံးလိုက်ပါကွာ၊ အပြုံးလေးပဲ လိုလို့။
၃။ တို့ကြိုးစားပြီး ဟောပြောလည်း ဘယ်သူမှ အရေးမစိုက်ပါ
တို့စိတ်ပျက်လည်း ဆက်ဟောမယ် ဒီမျှော်လင့်ချက်သတင်းကိုပဲ
ကြမ်းတမ်းလှတဲ့ နှလုံးသားလေးကို အရည်ပျော်ဖို့တွက် ဘာလုပ်မလဲ
ပြုံးလိုက်ပါ၊ ဒီလိုအပြုံးလေးပဲ တကယ် လိုအပ်လို့ပဲ
(ထပ်ကျော့ပိုဒ်)
ဒီအပြုံး စိတ်လန်းဆန်းသွားစေမှာ
ပြုံးလိုက်ပေါ့ လမ်းစတို့ ပွင့်လာမှာ
အကောင်းဆုံး ကြိုးစားရင်းနဲ့ ဆုတောင်းလိုက်
ပြုံးပါစို့လား၊ အို ပြုံးလိုက်စမ်းပါကွာ။