မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အားပြန်ဖြည့်လိုက်

အားပြန်ဖြည့်လိုက်

ကူးယူပါ–

  1. ၁။ မီးဘေးနားဝိုင်းဖွဲ့စုဆုံ ကြယ်စုံတဲ့ ကောင်းကင်အောက်

    ပူပန်စိုးရွံ့မှုနဲ့ နွမ်းလျမှုတွေရယ် အို ဒီရင်ထဲပြည့်နေလည်း

    ဒီတစ်နေ့တာ သောကများ တို့ မေ့ထားကြစို့လား

    နေ့စဉ် ကောင်းချီးများနဲ့ ကောင်းမြတ်မှုများစွာအတွက် ကျေးဇူးချီးမွမ်းပါမယ်

    (ထပ်ကျော့ပိုဒ်)

    ဘာက အရေးကြီးနေသလဲ ပြန်တွေးကြည့်ပါကွယ်

    ကောင်းချီးများကိုသာ ပြန်ရေတွက်လိုက်

    အာရုံများလို့ မနေနဲ့ ဘုရားလက်ရာတွေကိုလည်း

    ခံစားကြည့်ရင်းနဲ့

    အားပြန်ဖြည့်လိုက်

  2. ၂။ ငွေလမင်း ဖြာဆင်း လင်းလက်နေ ဒီလိုမြိုင်တောတန်းတွေထဲ

    ဘုရားကောင်းမြတ်မှုအတွက် သိပ်ကျေးဇူးတင်လို့လေ ရင်မှာဝေ ကြည်နူးပန်းလေး

    ရင်ဆိုင်ရတဲ့ ဒုက္ခများကို ကျော်လွန်ပြီး ကြည့်ရင်တော့

    ခံနိုင်အားတို့ ပြည့်လို့ ဖဘုရားရဲ့ မေတ္တာကို တို့ ပိုခံစားနားလည်လာ

    (ထပ်ကျော့ပိုဒ်)

    ဘာက အရေးကြီးနေသလဲ ပြန်တွေးကြည့်ပါကွယ်

    ကောင်းချီးများကိုသာ ပြန်ရေတွက်လိုက်

    အာရုံများလို့ မနေနဲ့ ဘုရားလက်ရာတွေကိုလည်း

    ခံစားကြည့်ရင်းနဲ့

    အားပြန်ဖြည့်လိုက်

    အားပြန်ဖြည့်လိုက်

    အားများ ဖြည့်လိုက်

    (ထပ်ကျော့ပိုဒ်)

    ဘာက အရေးကြီးနေသလဲ ပြန်တွေးကြည့်ပါကွယ်

    ကောင်းချီးများကိုသာ ပြန်ရေတွက်လိုက်

    အာရုံများလို့ မနေနဲ့ ဘုရားလက်ရာတွေကိုလည်း

    ခံစားကြည့်ရင်းနဲ့

    အားပြန်ဖြည့်လိုက်

    (နိဂုံး)

    အချိန်ရှာယူပြီး တွေးကြည့်လိုက်ဦး

    ခံစားကြည့်ရင်းနဲ့

    အချိန်ရှာယူပြီး တွေးကြည့်လိုက်ဦး

    အချိန်ယူ ခံစားကြည့်ရင်းနဲ့

    အားပြန်ဖြည့်လိုက်။