မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၁၃၆

နိုင်ငံတော် ရောက်ရှိပြီ—လာပါစေ

နိုင်ငံတော် ရောက်ရှိပြီ—လာပါစေ

ကူးယူပါ–

(ဗျာဒိတ် ၁၁:၁၅; ၁၂:၁၀)

  1. ၁။ ယေဟောဝါ၊ အမြဲတည်ရှိခဲ့

    တည်ရှိနေမယ် အမြဲ။

    သားတော်အား ပလ္လင်အပ်နှင်းပြီ၊

    အာဏာတော် တည်စေပြီ။

    နိုင်ငံတော် တည်ထောင်ထားပြီးပြီ၊

    ကမ္ဘာမြေကို အုပ်စိုးတော့မည်။

    (ထပ်ကျော့ပိုဒ်)

    နိုင်ငံတော်၊ တန်ခိုးတော်၊

    ကယ်တင်ခြင်း ခုသက်ရောက်ပြီလေ။

    နိုင်ငံတော် ရောက်ရှိပြီ။

    ဆုတောင်း- “လာပါစေ၊ လာပါစေ။”

  2. ၂။ မာရ်နတ်ရဲ့အချိန် ကုန်လုပြီ၊

    ဘာဖြစ်မယ် တို့သိပြီ။

    ဒုက္ခကာလမှာ ရှိကြငြား

    မျက်ကွယ်ရာ တို့မြင်ထား။

    နိုင်ငံတော် တည်ထောင်ထားပြီးပြီ၊

    ကမ္ဘာမြေကို အုပ်စိုးတော့မည်။

    (ထပ်ကျော့ပိုဒ်)

    နိုင်ငံတော်၊ တန်ခိုးတော်၊

    ကယ်တင်ခြင်း ခုသက်ရောက်ပြီလေ။

    နိုင်ငံတော် ရောက်ရှိပြီ။

    ဆုတောင်း- “လာပါစေ၊ လာပါစေ။”

  3. ၃။ ကောင်းကင်တမန်များ ရွှင်လန်းစွာ

    သီချင်းများ ကျူးဧကြ။

    စာတန်နဲ့ သူ့မုသားများမှ

    ထက်ကောင်းကင် လွတ်ကျွတ်ပြီ။

    နိုင်ငံတော် ဖွားမြင်ခဲ့ပြီးပြီ၊

    ကမ္ဘာမြေကို အုပ်စိုးတော့မည်။

    (ထပ်ကျော့ပိုဒ်)

    နိုင်ငံတော်၊ တန်ခိုးတော်၊

    ကယ်တင်ခြင်း ခုသက်ရောက်ပြီလေ။

    နိုင်ငံတော် ရောက်ရှိပြီ။

    ဆုတောင်း- “လာပါစေ၊ လာပါစေ။”

(ဒံ. ၂:၃၄၊ ၃၅; ၂ ကော. ၄:၁၈ တို့ကိုလည်းကြည့်ပါ။)