မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၁၄၁

ငြိမ်သက်ခြင်းမြတ်နိုးသူများကို ရှာဖွေခြင်း

ငြိမ်သက်ခြင်းမြတ်နိုးသူများကို ရှာဖွေခြင်း

ကူးယူပါ–

(လုကာ ၁၀:၆)

  1. ၁။ ယေရှုမိန့်ကြားခဲ့၊ ‘အမှန်တရားကြေညာ’ ဖို့။

    ချစ်ချစ်တောက်အပူ၊ ဖုန်ထူလမ်းထဲ

    လူတိုင်းကိုပြော၊ ယေဟောဝါအကြောင်း

    ဘုရားသိုးများကို ယေရှုချစ်မြတ်နိုး၊

    မိုးလင်းမိုးချုပ်၊

    နေရာတိုင်းမှာ၊ လူတိုင်းကို ဟောပြော။

    တစ်အိမ်ပြီးတစ်အိမ်၊ လမ်းများမကျန်။

    ကြုံတွေ့သမျှ လူတိုင်း တို့ဟော၊

    လူ့ဒုက္ခအားလုံးအဆုံးတိုင်တော့မယ့်အကြောင်း။

    (ထပ်ကျော့ပိုဒ်)

    နေရာတိုင်းရှာ

    ငြိမ်သက်ခြင်းမြတ်နိုးကြသူများကို။

    နေရာတိုင်းရှာ

    ကယ်တင်ခြင်းရလိုကြသူများကို။

    တစ်ယောက်မကျန်

    တို့ဟောပြောလို။

  2. ၂။ အချိန်ကုန်မြန်လွန်းလို့၊ ရေကုန်ရေခန်းရှာ။

    သန်းပေါင်းများစွာ လူတွေထဲမှာ

    တစ်ယောက်လောက် အသက်ရဖို့ပါ။

    မေတ္တာတွန်းအားကြောင့် ပြန်သွားလည်ပတ်ကြ။

    ဒဏ်ရာရနှလုံး ပြန်ကုစားနိုင်၊

    ဘဝအက်ကြောင်း ဆက်နိုင်။

    မြို့ကြီး၊ ကျေးလက်၊ အနှံ့တို့ရှာ။

    စိတ်ဝင်စားသူ တွေ့တဲ့အခါ

    ရွှင်လန်းဝမ်းသာ၊ ဆက်လုပ်ဖို့ တို့ခွန်အားရ။

    (ထပ်ကျော့ပိုဒ်)

    နေရာတိုင်းရှာ

    ငြိမ်သက်ခြင်းမြတ်နိုးကြသူများကို။

    နေရာတိုင်းရှာ

    ကယ်တင်ခြင်းရလိုကြသူများကို။

    တစ်ယောက်မကျန်

    တို့ဟောပြောလို။