မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၁၅၂

ကိုယ်တော်သာ မျှော်လင့်အားထားရာ

ကိုယ်တော်သာ မျှော်လင့်အားထားရာ

ကူးယူပါ–

(သုတ္တံ ၁၄:၂၆)

  1. ၁။ ရှင်ယေဟောဝါ မျှော်လင့်ချက် ပေးထား၊

    မြတ်နိုးစွာ ဆုပ်ကိုင်ထား၊

    စိတ်လှုပ်ရှားစေသော မျှော်လင့်ချက်

    တစ်လောကလုံး ကြားသင့်။

    သို့သော်ငြား စိုးရွံ့စိတ် ရှိနေလို့

    ကြောက်ရွံ့စိတ် ဖြစ်ပွားနေတာ

    တောက်ပသော မျှော်လင့်ချက်တွေလည်း

    ချက်ချင်း မှေးမှိန်သွားတာ။

    (ထပ်ကျော့ပိုဒ်)

    ကိုယ်တော်သာ မျှော်လင့်ရာ၊

    ခွန်အား၊ အားထားရာ

    လိုအပ်ရာ မှန်သမျှ ဖြည့်ပေး

    သွန်သင်ချိန်၊ ဟောပြောချိန်

    စိတ်ချလက်ချ ရှိ

    ဘုရားကိုသာ အားကိုးလို့ပါ။

  2. ၂။ အို ယေဟောဝါ နှလုံးသွင်းစေပါ၊

    မမေ့အောင် မစပါ။

    နှစ်သိမ့်မှု လိုအပ်ချိန် ကူမ

    အခက် အခဲတွေ ကြုံခိုက်မှာ

    ဒီလိုအတွေးဟာ သိပ်အားရှိစေတာ

    တစ်ဖန်ပြန် ခွန်အားပြည့်လာ

    နာမတော်အကြောင်း ပြောပြနိုင်ဖို့

    အစွမ်းသတ္တိ ပြည့်လာ။

    (ထပ်ကျော့ပိုဒ်)

    ကိုယ်တော်သာ မျှော်လင့်ရာ၊

    ခွန်အား၊ အားထားရာ

    လိုအပ်ရာ မှန်သမျှ ဖြည့်ပေး

    သွန်သင်ချိန်၊ ဟောပြောချိန်

    စိတ်ချလက်ချ ရှိ

    ဘုရားကိုသာ အားကိုးလို့ပါ။

(ဆာ. ၇၂:၁၃၊ ၁၄။ သု. ၃:၅၊ ၆၊ ၂၆။ ယေ. ၁၇:၇ တို့ကိုလည်း ကြည့်ပါ။)