မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၆၀

ကိုယ်တော် သင်တို့ကို ခွန်အားရှိစေမည်

ကိုယ်တော် သင်တို့ကို ခွန်အားရှိစေမည်

(၁ ပေတရု ၅:၁၀)

၁။ ဘုရားရှင် သင်တို့အား အမှန် တရား သိရှိစေကာ

မှောင်မိုက်ထဲမှ ခေါ်ဆောင်၊ အလင်းတော်သို့။

ဘုရားရှာ၊ မှန်ရာလုပ် လိုစိတ်ပြင်းပြဆန္ဒ

ကိန်းအောင်းသင်တို့ နှလုံးမှာ ကိုယ်တော်တွေ့။

သင်တို့ကတိပြု အလိုတော်ဆောင်ရန်

ကိုယ်တော်သင်တို့ကို ဆက်ကူညီနေမှာ။

(ထပ်ကျော့ပိုဒ်)

သားတော် အသွေးဖြင့်ရွေးထား၊ သင်တို့ကိုဘုရားပိုင်၊

သင်တို့ကို မြဲမြံစေ၊ ခွန်အားလည်းရှိစေမည်။

သင်တို့နှင့်အမြဲရှိသောကြောင့် ကာကွယ်၊ လမ်းပြမည်။

သင်တို့ကို မြဲမြံစေ၊ ခွန်အားလည်းရှိစေမည်။

၂။ သင်တို့အတွက် ဘုရား ချစ်သားတော်ပေးသနား။

ထိုကြောင့် သင်တို့ အောင်မြင်မှုရစေလို။

ချစ်သားတော်ကိုရက်ရောစွာ ပေးသနားပါက၊

စိတ်ချ၊ ခံနိုင်အား ပေးမည်မှာသေချာ။

သင်တို့ပြသော ချစ်ခြင်းနှင့် ယုံကြည်ခြင်း၊

မေ့လျော့မထား၊ စောင့်ရှောက်တော်မူမည်သာ။

(ထပ်ကျော့ပိုဒ်)

သားတော် အသွေးဖြင့်ရွေးထား၊ သင်တို့ကိုဘုရားပိုင်၊

သင်တို့ကို မြဲမြံစေ၊ ခွန်အားလည်းရှိစေမည်။

သင်တို့နှင့်အမြဲရှိသောကြောင့် ကာကွယ်၊ လမ်းပြမည်။

သင်တို့ကို မြဲမြံစေ၊ ခွန်အားလည်းရှိစေမည်။

(ရော. ၈:၃၂; ၁၄:၈၊ ၉; ဟေဗြဲ ၆:၁၀; ၁ ပေ. ၂:၉ တို့ကိုလည်းကြည့်ပါ။)