သီချင်း ၆
ကျေးကျွန်တော်၏ ဆုပတ္ထနာ
၁။ ကောင်းကင်ခမည်းတော် ကျွန်ုပ်တို့၏မင်း၊
မြတ်နာမအစဉ်မြတ်နိုးခံရစေ။
သနားကရုဏာ အမြဲတည်မှာ၊
သစ္စာရှိလှ ဧကန်မုချပါ၊
သစ္စာရှိစွ ဧကန်ပါ၊
ကရုဏာတော် အမြဲတည်မှာ။
၂။ အမှန်တရားချစ်စိတ် မွေးမြူပေးပါ။
အလိုတော်ထမ်းဆောင်နိုင်အောင် မစမူပါ။
ပညတ်တော်မှန်သမျှ စောင့်ထိန်းလိုပါ၊
အဖိုးတန်သိုးများ ရှာ၍ကျွေးမွေး။
ကိုယ်တော့်သိုးများ ရှာ၍ကျွေး။
ပညတ်အားလုံး စောင့်လိုပါ။
၃။ အထက်မှဉာဏ် ကျွန်ုပ်တို့ရှာကြ။
ဤဆုပေး၍ နှလုံး မေတ္တာဖြည့်ပေး။
ကရုဏာမေတ္တာပြရန် မစပါ၊
လူတိုင်း ကိုယ်တော်အား သိကျွမ်းလာရန်။
ကျွန်ုပ်တို့ကူညီလိုပါ၊
မေတ္တာကရုဏာ ပြနိုင်စေ။
(ဆာ. ၁၄၃:၁၀; ယော. ၂၁:၁၅-၁၇; ယာ. ၁:၅ တို့ကိုလည်းကြည့်ပါ။)