မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၅၆

ကျွန်ုပ်၏ဆုတောင်းသံကို နားညောင်းတော်မူပါ

ကျွန်ုပ်၏ဆုတောင်းသံကို နားညောင်းတော်မူပါ

(ဆာလံ ၅၄)

၁။ ကောင်းကင်အဖ၊ ကျွန်ုပ်ဆုပန်ကြား။

ကျွန်ုပ်အားပိုင်၊ ကျွန်ုပ်၏ဘုရား။

နာမတော်ကြီးမြတ်လှ၊ ပြိုင်ဘက်ကင်း။

(ထပ်ကျော့ပိုဒ်)

ထွတ်မြတ်ယေဟောဝါ၊ နားထောင်ပေးပါ။

၂။ ကျေးဇူးကြီးလှ၊ ပေးသနားဤနေ့၊

အသက်ပေးကာ၊ လမ်းပြ၍ပို့ဆောင်။

ကိုယ်တော့်ဂရုစိုက်မှုတွင်ပျော်မွေ့။

(ထပ်ကျော့ပိုဒ်)

ထွတ်မြတ်ယေဟောဝါ၊ နားထောင်ပေးပါ။

၃။ မှန်ရာပြုရန် ကျွန်ုပ်စိတ်သန်လှ။

ကူညီပေးပါ၊ အလင်း၌လျှောက်ရန်။

ဝန်တွေကိုထမ်းဖို့ စောင်မခွန်အား။

(ထပ်ကျော့ပိုဒ်)

ထွတ်မြတ်ယေဟောဝါ၊ နားထောင်ပေးပါ။

(ထွ. ၂၂:၂၇; ဆာ. ၁၀၆:၄; ယာ. ၅:၁၁ တို့ကိုလည်းကြည့်ပါ။