မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၆၂

ကျွန်ုပ်တို့ကို မည်သူပိုင်သနည်း

ကျွန်ုပ်တို့ကို မည်သူပိုင်သနည်း

(ရောမ ၁၄:၈)

၁။ သင်ကို အဘယ်သူပိုင်။

အဘယ်ဘုရား သင်နာခံ။

သင်ပျပ်ဝပ်သူသည် သင်၏သခင်။

သင်ဝတ်ပြုသူ၊ သင့်ဘုရားပင်။

နှစ်ပါးလုံးသောဘုရား၊

စေစားဝတ် သင်မပြုနိုင်၊

အကြွင်းမဲ့နှလုံး ဆည်းကပ်ခြင်းဝတ်ကို

နှစ်ဦးလုံး မရနိုင်ပါ။

၂။ သင်ကို အဘယ်သူပိုင်။

အဘယ်ဘုရား သင်နာခံ။

တစ်ပါးသည်မှား၍ တစ်ပါးသာမှန်၊

ရွေးချယ်ရမည်မှာ သင့်ဝန်တာ။

လောကမင်း ကဲသာပေါ်

သင်သစ္စာစောင့်သိဆဲလော။

ထိုသို့မဟုတ်ဘဲ မှန်သောဘုရားကို

အမြဲသင် နာခံမည်လော။

၃။ ငါကို အဘယ်သူပိုင်။

ယေဟောဝါ ငါနာခံမည်။

ကောင်းကင်ခမည်းတော်ကို ဝတ်ပြု၍၊

အကြွင်းမဲ့ သစ္စာဝတ်ဖြေမည်။

တန်ဖိုးကြီးဖြင့်ဝယ်ထား၊

ဘုရားပေါ် သစ္စာမြဲမည်။

သားတော်သေခြင်းဖြင့် ငါရွေးနုတ်ခံရ၊

နေ့စဉ် နာမ ဂုဏ်ပြုမည်။

(ယောရှု ၂၄:၁၅; ဆာ. ၁၁၆:၁၄၊ ၁၈; ၂ တိ. ၂:၁၉ တို့ကိုလည်းကြည့်ပါ။)