မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၉၁

ကျွန်ုပ်၏ဖခင်၊ ကျွန်ုပ်၏ဘုရားနှင့် မိတ်ဆွေ

ကျွန်ုပ်၏ဖခင်၊ ကျွန်ုပ်၏ဘုရားနှင့် မိတ်ဆွေ

(ဟေဗြဲ ၆:၁၀)

၁။ လွန်ခက်ခဲလှ ဒီဘဝ၊

မျက်ရည်ကျ၊ နာကျင်မှုများခံရ။

သို့သော် ငါဆိုမည် နေ့တိုင်း၊

“ငါ့ဘဝ အချည်းနှီး မဟုတ်။”

(ထပ်ကျော့ပိုဒ်)

တရားမျှတ ဘုရားရှင်၊

ငါပြသည့်ချစ်ခြင်း သူမေ့မထား။

အထီးကျန် ငါဘယ်တော့မဟုတ်၊

ရှင်ယေဟောဝါ အစဉ်ငါ့နားမှာ။

ငါ့အား ထောက်မပေးသောသူ၊

ကိုယ်တော်သည် အဆုံးတိုင်ကာကွယ်မည်။

ရှင်ယေဟောဝါ ငါ၏ဘုရား၊

မိတ်ဆွေ၊ ဖခင်။

၂။ ငါ့ပျိုရွယ်ချိန် ကုန်ဆုံးသွား၊

ယခုရောက်လာ ဒုက္ခနေ့ ရက်များ။

သို့သော် ငါ့ယုံကြည်ခြင်းပွား၊

မျှော်လင့်ခြင်း တောက်ပဆဲ။

(ထပ်ကျော့ပိုဒ်)

တရားမျှတ ဘုရားရှင်၊

ငါပြသည့်ချစ်ခြင်း သူမေ့မထား။

အထီးကျန် ငါဘယ်တော့မဟုတ်၊

ရှင်ယေဟောဝါ အစဉ်ငါ့နားမှာ။

ငါ့အား ထောက်မပေးသောသူ၊

ကိုယ်တော်သည် အဆုံးတိုင်ကာကွယ်မည်။

ရှင်ယေဟောဝါ ငါ၏ဘုရား၊

မိတ်ဆွေ၊ ဖခင်။

(ဆာ. ၇၁:၁၇၊ ၁၈ တို့ကိုလည်းကြည့်ပါ။)