မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၅၃

စည်းလုံးမှုဖြင့် အတူတကွလုပ်ဆောင်ခြင်း

စည်းလုံးမှုဖြင့် အတူတကွလုပ်ဆောင်ခြင်း

(ဧဖက် ၄:၃)

၁။ ကိုယ်တော့်လူစုထဲ တို့ပါရ။

တင်ကြိုဟောသည့်တိုင်း တို့ကြုံရ။

ငြိမ်သက်စည်းလုံးခြင်း တို့ပိုင်ရာ၊

လွန်အားရပျော်ရွှင်ကြ။

စည်းလုံးမှု မြတ်နိုးဖွယ်။

သင့်မြတ်မှု တင့်တယ်။

မှုတော်တွင် အလုပ်များစွာရှိ။

ကိုယ်တော်လမ်းပြ ချစ်သားတော်ဖြင့်။

နာခံစွာ အမှုတော်ဆောင်စို့၊

ညီညွတ်စွာ လုပ်ကိုင်စို့။

၂။ တို့ဆုတောင်း တစိတ်တည်းတည်ရန်

ကြင်နာတတ်ဖို့ အရေးစိုက်နေကြ၊

မေတ္တာတိုးများ ချီးကျူးသံပွား၊

ငြိမ်သက်ဝမ်းမြောက်နေကြ။

ငြိမ်သက်မှု လန်းဆန်းစေ၊

နှစ်ခြိုက်ကြည်နူးစေ။

ညီအစ်ကိုမေတ္တာစစ် ရှိပါက၊

ငြိမ်သက်ခြင်း ဘုရားပေးမည်သာ။

ကိုယ်တော်ကူ တို့စည်းလုံးနေမှာ၊

ထာဝစဉ် အမှုဆောင်မှာ။

(မိ. ၂:၁၂; ဇေ. ၃:၉; ၁ ကော. ၁:၁၀ တို့ကိုလည်းကြည့်ပါ။)