မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၇၈

စိတ်ရှည်ခြင်း

စိတ်ရှည်ခြင်း

(ဂလာတိ ၅:၂၂)

၁။ ပြိုင်ဘက်ကင်းမင်း ယေဟောဝါ၊

သန့်ရှင်းနာမတွက် စိတ်ထက်သန်။

တရား အပြစ်တင်ခြင်းကို

ဖြေရှင်းရန် ပြင်းပြဆန္ဒရှိ။

လူမျိုးအဆက်ဆက်တစ်လျှောက်၊

ခံနိုင်ရည်၊ စိတ်ရှည်ခြင်းနှင့်

သည်းခံခြင်း ပြတော်မူ၏၊

စိတ်ပင်ပန်းခြင်းမရှိ။

လူမျိုးအပေါင်း ကယ်တင်ခြင်း

ရစေရန် အလိုတော်ရှိ၏။

ဘုရား စိတ်ရှည်သည်းခံခြင်း

အချည်းနှီး ဖြစ်မည်မဟုတ်ပါ။

၂။ ဘုရားတရားလမ်းတော်ပေါ်တွင်

တည်မြဲရန် စိတ်ရှည်ခြင်းလိုပေ။

စိတ်နှလုံး ငြိမ်သက်စေ၍

ဒေါသလွန်ကဲမှု ကာကွယ်ပေး။

သူများ ကောင်းကွက်ကိုအမြဲရှာ၊

အကောင်းဆုံးကို မျှော်လင့်တတ်။

စိတ်သောက ရောက်နေချိန်တွင်

စိတ်တည်ငြိမ်ရန် ထောက်ကူ။

သန့်ရှင်းစွမ်းအားတော် ပေးသည့်

အခြားသီလများနှင့်အတူ၊

စိတ်ရှည်ခြင်းက တို့များကို

ဘုရားအားတုပရန် ထောက်ကူ။

(ထွက်. ၃၄:၁၄; ဟေရှာ. ၄၀:၂၈; ၁ ကော. ၁၃:၄၊ ၇; ၁ တိ. ၂:၄ တို့ကိုလည်းကြည့်ပါ။)