မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၁၂၉

တို့မျှော်လင့်ချက်ကို ကိုင်စွဲထားကြ

တို့မျှော်လင့်ချက်ကို ကိုင်စွဲထားကြ

(ဟေဗြဲ ၆:၁၈၊ ၁၉)

၁။ စမ်းတဝါးလျှောက်ကြလူတွေ မှောင်ထဲ နှစ်များကြာ။

အကျိုးမပေးသောအရာတွေ အချည်းနှီးရှာ။

ပေါ်လွင်ထင်ရှား ဝမ်းနည်းဖွယ် လူ့ချို့ယွင်းမှု၊

မကယ်နိုင်အချင်းချင်း အပြစ်သားများ။

(ထပ်ကျော့ပိုဒ်)

နိုင်ငံတော်ရောက်ပြီ၊ ဝမ်းသာစွာသီကြွေး။

သားတော်အုပ်ချုပ်ရေး ကြောက်ရွံ့မှုကိုဖယ်မည်။

မကြာမီ ဆိုးညစ်မှုများ ပပျောက်မည်။

ဤမျှော်လင့်ချက် ကျောက်ဆူးကဲ့သို့ ခိုင်ခံ့စေ။

၂။ နိုင်ငံတော်သတင်း “ဘုရားနေ့နီး” ကြောင်းဖော်ပြ၊

“မည်မျှကြာမည်နည်း” လူတွေမမေးရတော့။

ညည်းတွားဖန်ဆင်းခံများ မကြာ လွတ်ငြိမ်းမှာ။

ပါဝင်ဆို ချီးမွမ်း၊ တို့ဘုရားအား။

(ထပ်ကျော့ပိုဒ်)

နိုင်ငံတော်ရောက်ပြီ၊ ဝမ်းသာစွာသီကြွေး။

သားတော်အုပ်ချုပ်ရေး ကြောက်ရွံ့မှုကိုဖယ်မည်။

မကြာမီ ဆိုးညစ်မှုများ ပပျောက်မည်။

ဤမျှော်လင့်ချက် ကျောက်ဆူးကဲ့သို့ ခိုင်ခံ့စေ။

(ဟဗ. ၁:၂၊ ၃; ဆာ. ၂၇:၁၄; ယောလ ၂:၁; ရော. ၈:၂၂ တို့ကိုလည်းကြည့်ပါ။)