မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၁၂၀

နားထောင်၊ နာခံ၊ ကောင်းချီးစံ

နားထောင်၊ နာခံ၊ ကောင်းချီးစံ

(လုကာ ၁၁:၂၈)

၁။ ခရစ်၏စကား နားထောင်ကြောင်း တင်ပြမည်လော။

ကိုယ်တော့်သွန်သင်ချက် ထွန်းလင်း လမ်းပြပေး၊

ကြား၍ နားလည်ခြင်းဖြင့် တို့ကိုပျော်ရွှင်စေ၊

နားလည်၍ နာခံမှ ကောင်းချီးရမည်။

(ထပ်ကျော့ပိုဒ်)

နားထောင်၊ နာခံ၊ ကောင်းချီးစံ၊

ဘုရားလိုတော် ကြားရာ။

ပျော်ရွှင်စွာ ငြိမ်ဝပ်ခြင်း ဝင်စားလိုက၊

နားထောင်၊ နာခံ၊ ကောင်းချီးစံ။

၂။ အိမ်ပမာ တို့ဘဝလမ်း ကာကွယ်မှုပေး၊

သဲပေါ်မဟုတ်၊ ကျောက်ပေါ်ဆောက်ထားခဲ့သော်။

ယေရှု၏ မေတ္တာလမ်းညွှန်ကို လိုက်လျှောက်က၊

ကျောက်သားပေါ်တည်ဘဝ တို့တည်ဆောက်အံ့။

(ထပ်ကျော့ပိုဒ်)

နားထောင်၊ နာခံ၊ ကောင်းချီးစံ၊

ဘုရားလိုတော် ကြားရာ။

ပျော်ရွှင်စွာ ငြိမ်ဝပ်ခြင်း ဝင်စားလိုက၊

နားထောင်၊ နာခံ၊ ကောင်းချီးစံ။

၃။ မြစ်ချောင်းနား အမြစ်စွဲသော သစ်ပင်ပမာ၊

ရာသီအလိုက် သီးပွင့်သည့်နည်းအတိုင်း၊

ဘုရားသားသမီးအလား နာခံပါက၊

ကောင်းချီးနှင့် ဆုံးမဲ့သက်တာ မွေ့လျော်ရ။

(ထပ်ကျော့ပိုဒ်)

နားထောင်၊ နာခံ၊ ကောင်းချီးစံ၊

ဘုရားလိုတော် ကြားရာ။

ပျော်ရွှင်စွာ ငြိမ်ဝပ်ခြင်း ဝင်စားလိုက၊

နားထောင်၊ နာခံ၊ ကောင်းချီးစံ။

(တရား. ၂၈:၂; ဆာ. ၁:၃; သု. ၁၀:၂၂; မ. ၇:၂၄-၂၇ တို့ကိုလည်းကြည့်ပါ။)