မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၄၀

နိုင်ငံတော်ကို ဦးစွာရှာလျက်နေကြလော့

နိုင်ငံတော်ကို ဦးစွာရှာလျက်နေကြလော့

(မဿဲ ၆:၃၃)

၁။ ယေဟောဝါတွက် အဖိုးထိုက်၍

နှစ်သက်ကြည်နူးဖွယ် အရာမှာ

အရာခပ်သိမ်း တည့်မတ်စေမည့်

ခရစ်အုပ်ချုပ်သည့် နိုင်ငံပင်။

(ထပ်ကျော့ပိုဒ်)

ယေဟောဝါ၏နိုင်ငံတော်နှင့်

ဖြောင့်မတ်ခြင်းကို ဦးစွာရှာ။

လူမျိုးများကြား သီဆိုချီးမွမ်း၊

သစ္စာရှိစွာ ဝတ်ပြုကြ။

၂။ နက်ဖြန်နေ့တွက် ဆာ၊ ငတ်မည်ကို

အဘယ်ကြောင့် စိုးရိမ်နေသနည်း။

နိုင်ငံတော်ကို ရှေးဦးရှာလျှင်

ဘုရားစီမံ ပေးပါမည်။

(ထပ်ကျော့ပိုဒ်)

ယေဟောဝါ၏နိုင်ငံတော်နှင့်

ဖြောင့်မတ်ခြင်းကို ဦးစွာရှာ။

လူမျိုးများကြား သီဆိုချီးမွမ်း၊

သစ္စာရှိစွာ ဝတ်ပြုကြ။

၃။ နိုင်ငံတော်သတင်း ကြွေးကြော်ပါ။

မျှော်လင့်ချက်မှာ ယေဟောဝါ

နှင့် သီအိုကရေစီ ဖြစ်သည်ကို

ထိုက်တန်သူအား သိစေပါ။

(ထပ်ကျော့ပိုဒ်)

ယေဟောဝါ၏နိုင်ငံတော်နှင့်

ဖြောင့်မတ်ခြင်းကို ဦးစွာရှာ။

လူမျိုးများကြား သီဆိုချီးမွမ်း၊

သစ္စာရှိစွာ ဝတ်ပြုကြ။

(ဆာ. ၂၇:၁၄; မ. ၆:၃၄; ၁၀:၁၁၊ ၁၃; ၁ ပေ. ၁:၂၁ တို့ကိုလည်းကြည့်ပါ။)