မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၁၀၂

နိုင်ငံတော်တေး ပါဝင်သီဆိုကြ

နိုင်ငံတော်တေး ပါဝင်သီဆိုကြ

(ဆာလံ ၉၈:၁)

၁။ ဤသီချင်းကား၊ ပျော်ရွှင်ဖွယ် အောင်ပွဲသီချင်း၊

အမြင့်ဆုံးအရှင်အား ချီးမွမ်းသီချင်း။

မျှော်လင့်ခြင်းပေး၊ သစ္စာစောင့်ရန်လှုံ့ တေးသား။

သီချင်းအကြောင်းအရာ ဝေမျှကြားသိကြ–

(ထပ်ကျော့ပိုဒ်)

‘လာကိုးကွယ်ကြ၊ ပလ္လင်တော်ရှေ့။

သားတော်ဘုရင် ဖြစ်ကြောင်းကြေညာ။

နိုင်ငံတော်အကြောင်း ဖော်ကျူးသီချင်း သင်ကြပါ၊

ဦးညွတ်ဘုရား၊ နာမမြတ်ချီးကျူးကြ။’

၂။ ဤတေးသစ်ဖြင့်၊ နိုင်ငံတော်အကြောင်းကြော်ငြာ။

ခရစ်တော်အုပ်စိုး၊ ပိုင်နက်တော် မြေကမ္ဘာ။

ကြိုဟောသည့်အတိုင်း လူမျိုးသစ်တစ်မျိုး ဖွားမြင်၊

အမွေခံများ ယေရှုမင်းကိုကြိုဆို၊

(ထပ်ကျော့ပိုဒ်)

‘လာကိုးကွယ်ကြ၊ ပလ္လင်တော်ရှေ့။

သားတော်ဘုရင် ဖြစ်ကြောင်းကြေညာ။

နိုင်ငံတော်အကြောင်း ဖော်ကျူးသီချင်း သင်ကြပါ၊

ဦးညွတ်ဘုရား၊ နာမမြတ်ချီးကျူးကြ။’

၃။ နှိမ့်ချသူများ နိုင်ငံတော်တေးဆိုကျွမ်းကျင်၊

တေးသားရှင်းလှ၊ သတင်းနွေးထွေးတောက်ပ။

ကမ္ဘာတစ်လွှား၊ လူမြောက်မြားစွာ တတ်သိလာ၊

သူတို့တစ်ဖန် ခြားသူအား ဖိတ်ကြားပြန်၊

(ထပ်ကျော့ပိုဒ်)

‘လာကိုးကွယ်ကြ၊ ပလ္လင်တော်ရှေ့။

သားတော်ဘုရင် ဖြစ်ကြောင်းကြေညာ။

နိုင်ငံတော်အကြောင်း ဖော်ကျူးသီချင်း သင်ကြပါ၊

ဦးညွတ်ဘုရား၊ နာမမြတ်ချီးကျူးကြ။’

(ဆာ. ၉၅:၆; ၁ ပေ. ၂:၉၊ ၁၀; ဗျာ. ၁၂:၁၀ တို့ကိုလည်းကြည့်ပါ။)