မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၉၈

နိုင်ငံတော်မျိုးစေ့ကြဲခြင်း

နိုင်ငံတော်မျိုးစေ့ကြဲခြင်း

(မဿဲ ၁၃:၄-၈)

၁။ ယေဟောဝါရှင်အား နှလုံးကြွင်းမဲ့

ဆက်ကပ်ထားသူ အားလုံးလာကြ။

သခင့်မှုတော်၌ ဝင်ရောက်လုပ်ကြ၊

သင်ယူ ကိုယ်တော့်ဘဝလမ်းစဉ်။

ကြောက်ခြင်း ကင်းစင်လျက် မှန်တရား မျိုးစေ့ကြဲ၊

မြေကောင်း နှလုံးတွေ ပေါ်ကျသော်

သစ္စာရှိစွာမှုတော်ထမ်း၍ ဂုဏ်တော်ချီးမွမ်းဖွယ်

သီးကောင်းများစွာ ထွက်ပေါ်မှာ။

၂။ သင်ကြဲသည့် အချို့သောမျိုးစေ့တွေ

မာကြောကျောက်နှလုံးသားပေါ်ကျ။

ခဏတုံ့ပြန်လုပ်ဆောင်သော်ငြားလည်း

ဉာဏ်ပညာမဲ့မှု ထင်ရှားလာ။

ခြုံဆူးပိတ်ဆို့တုန်း၊ နှလုံး လောဘဖုံး၊

ပိုတပ်မက် လောကီအရာများ။

အချို့မျိုးစေ့များ မြေကောင်းသောနေရာကျ၊

ကြီးပွားသီးပွင့်ခြင်းကို တွေ့မြင်မှာ။

၃။ သင်၏လုပ်ဆောင်အောင်မြင်မှု အတိုင်းအတာ

သင့်အပေါ်တွင် များစွာတည်လှ။

ချစ်ခြင်း၊ သည်းခံခြင်း ကိုပြသောခါ

သူတို့နှလုံး ပြန်လည်ပွင့်နိုင်။

သိမ်မွေ့နူးညံ့၊ နိုးကြား၊ ရဲရင့်စွာဖြင့်၊

သူတို့၏ကြောက်စိတ် ကိုဖယ်ပေး။

အဆတစ်ရာမဟုတ်လည်း သုံးဆယ်အနည်းဆုံး၊

ဝမ်းမြောက်စွာဖြင့် ရိတ်သိမ်းနိုင်ပေ။

(မ. ၁၃:၁၉-၂၃; ၂၂:၃၇ တို့ကိုလည်းကြည့်ပါ။)