မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၇၁

ဘုရားပေးလက်ဆောင် သန့်ရှင်းသောစွမ်းအားတော်

ဘုရားပေးလက်ဆောင် သန့်ရှင်းသောစွမ်းအားတော်

(လုကာ ၁၁:၁၃)

၁။ ဘုရင်၊ ယေဟောဝါ၊ ကရုဏာရှင်အဖ၊

အပြစ်များသော တို့နှလုံးထက် ကြီးမြတ်၊

ဝန်ထုပ်ပေါ့ပါးစေ၊ ဝေဒနာလျော့ပါးစေ၊

စွမ်းအားတော်ဖြင့် သက်သာမှု ပေးမူပါ။

၂။ ကိုယ်တော်၏ဘုန်းတော် ကျွန်တော်တို့မမီ

တို့လမ်းပျောက်သည့်ချိန်ခါများ ရှိတာ။

ကိုယ်တော်ကို တောင်းပန်၊ နေ့စဉ်လျှောက်လှမ်းရန်

သန့်ရှင်းစွမ်းအားတော်ဖြင့်လမ်းပြမူပါ။

၃။ ခြေကုန်လက်ပန်းကျ၊ စိတ်ပျက်အားလျော့ချိန်၊

လှုပ်ရှားစွမ်းအားတော်က စိတ်လန်းစေ။

ပမာပြ လင်းယုန်လိုပျံနိုင်ဖို့ရန်

သန့်ရှင်းစွမ်းအားတော်ဖြင့် အားခွန်ပေးပါ။

(ဆာ. ၅၁:၁၁; ယော. ၁၄:၂၆; တ. ၉:၃၁ တို့ကိုလည်းကြည့်ပါ။)