မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၄

ဘုရားသခင်ရှေ့ အသရေကောင်းရှိနေစေပါ

ဘုရားသခင်ရှေ့ အသရေကောင်းရှိနေစေပါ

(ဒေသနာ ၇:၁)

၁။ ဘဝတစ်လျှောက်လုံး၊ အသရေကောင်းရရန်၊

ပညတ်လိုက်နာရန်၊ နေ့တိုင်းကို အသုံးပြုလို။

ယေဟောဝါ၏ရှေ့တွင် ဖြောင့်မတ်မှန်ရာလုပ်လျှင်

နှလုံးတော်ရွှင်ပြုံးစေခြင်းဖြစ်ပေ။

၂။ လောက၌ နာမည်ကျော်ကြားရန်ကြိုးစားခြင်း၊

လောကမျက်နှာသာ၊ ဂုဏ်ပြုချီးမွမ်းခြင်းများ

အချည်းနှီးပင်ဖြစ်ပေ။ လောကမိတ်ဆွေဖြစ်လျှင်၊

ယေဟောဝါမျက်နှာသာဆုံးရှုံးမှာ။

၃။ ဘုရားမှတ်ဉာဏ်တွင် ပါရှိလို တို့အမည်၊

ရေးမှတ်ထားခံလို ကိုယ်တော့်စာအုပ်ထဲတွင်။

ဘုရားမှီခိုအားထား၊ အမှန်တရားကာကွယ်

ကောင်းသောအသရေထိန်း၊ အဆုံးထိတိုင်။

(က. ၁၁:၄; သု. ၂၂:၁; မာလ. ၃:၁၆; ဗျာ. ၂၀:၁၅ တို့ကိုလည်းကြည့်ပါ။)