မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၃

“ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏”

“ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏”

(၁ ယောဟန် ၄:၇၊ ၈)

၁။ မေတ္တာဖြစ်သော ဘုရားဖိတ်ခေါ်၊

‘ငါ့လမ်းစဉ်ချစ်၊ ငါနှင့်လျှောက်။’

အိမ်နီးချင်း နှင့်ဘုရား ချစ်လျှင်၊

ကျေးဇူးလုပ်ရပ် နေ့စဉ်ပြု။

ဤတွင် ဘဝသော့ချက်စွဲရာ၊

ဤတွင် ဖွေရှာအသက်တည်။

မရှုံးနိမ့် ခရစ်ကဲ့သို့မေတ္တာ။

တို့တွေအားဖြင့်မြဲထင်ရှား။

၂။ မှန်တရားချစ်က အလုပ်ဖြင့်ပြ၊

စေ့ဆော်ပေး ဘုရားမေတ္တာ။

ငါတို့ပျက်ကွက်သည့်ခါ ထောက်ကူ၊

ကိုယ်တော့်စွမ်းအား ထူမတ်ပေး။

ဝန်တိုမှုကင်း၊ ဖြူစင်မေတ္တာ၊

အရာရာတွင် ကြင်နာသည်းခံ။

ညီအစ်ကိုပေါ်မေတ္တာတိုးစေ၊

မေတ္တာစစ်ကို မြည်းနိုင်စေ။

၃။ နာကြည်းစိတ် ဦးဆောင်ခွင့်မပြု၊

လက်တွဲခွင့်ပင် မပြုနှင့်။

မျှော်ကိုးဘုရား လမ်းပြမှုတွက်၊

လူလူချင်းနှင့် ဘုရားချစ်၊

ပြုလေသမျှ မေတ္တာလွှမ်းခြုံ၊

ဤပညတ်များ သင်ပေးမှာ။

ဘုရားကဲ့သို့ မေတ္တာမျိုးကို၊

အစဉ်အမြဲ ပြနိုင်စေ။