မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၇၂

မေတ္တာအရည်အသွေးကို ပျိုးထောင်ခြင်း

မေတ္တာအရည်အသွေးကို ပျိုးထောင်ခြင်း

(၁ ကောရိန္သု ၁၃:၁-၈)

၁။ ရိုကျိုးဆုတောင်း တို့ဘုရားရှင်ထံ၊

ဂုဏ်ရည်တော်များ တို့တုပနိုင်ရန်။

အရေးကြီးဆုံး ကိုယ်တော့်ဂုဏ်တော်မှာ

စွမ်းအားတော်လှုံ့ဆော်သည့် မေတ္တာပါ။

အရည်အချင်း၊ ဉာဏ် နှင့် သတ္တိရှိလည်း၊

ချစ်ခြင်းမပါက အချည်းနှီးပဲ။

ထိုကြောင့် ခိုင်မာချစ်ခြင်း ပျိုးထောင်စို့၊

ဘုရားစိတ်တော် အစဉ်ရွှင်လန်းစေဖို့။

၂။ ရှာတွေ့သည့်သိုးများ သင်ပေးရာမှာ၊

ဉာဏ်ကူရုံမျှဖြင့် မပြီးနိုင်ပါ။

တရားစကားတော်လေ့လာဖို့ ကူရာ၊

အပြောနှင့်အလုပ်ဖြင့် မေတ္တာပြ။

မေတ္တာ ကြီးလျှင် ပြစ်မှားမှုခံနိုင်၊

ဝန်ထုတ်လွန်စွာပင်ကြီးလည်း သယ်နိုင်။

ပင်ပန်းခက်ခဲမှုတိုင်း သည်းခံစေ၊

မေတ္တာသည် အမြဲထာဝရ တည်ပေ။

(ယော. ၂၁:၁၇; ၁ ကော. ၁၃:၁၃; ဂလ. ၆:၂ တို့ကိုလည်းကြည့်ပါ။)