မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၁၀၇

ယေဟောဝါ၏တောင်တော်သို့ လာကြ

ယေဟောဝါ၏တောင်တော်သို့ လာကြ

(ဟေရှာယ ၂:၂-၄)

၁။ ခေါင်းမော့၍ မျှော်ကြည့်လော့၊

အမြင့်ဆုံးတောင်ထိပ် အထက်ဝယ်၊

တည်ရှိ ယေဟောဝါ၏တောင်၊

ယနေ့ ချီးမြှင့်ခံရ။

အဝေးမှ လူတွေလာကြ၊

ပင်လယ်ရပ်ခြား နေရာများ၊

တစ်ယောက်ကိုတစ်ယောက် ဖိတ်ခေါ်၊

‘ဝတ်ပြုနာခံရန်လာ။’

ယခုအချိန်ရောက်ပြီ

သေးသိမ်သူ အားကြီးလူမျိုး ဖြစ်လာ။

ငါတို့ရှင်သန်တိုးပွား၊

ဘုရားလမ်းညွှန်နှင့် ကောင်းချီးတွေ့ရ။

ချုပ်ခြာအာဏာ လက်ခံ၊

ဘုရားထံ သန်းချီရောက်လာ။

ထံတော်မှ လမ်းမလွဲဘဲ

အစဉ်သစ္စာစောင့်မည်။

၂။ ယေရှု အမိန့်ပေးခဲ့၊

တရားတော် သွား၍ဟောကြ။

နိုင်ငံတော်သတင်းကောင်းသည်

ယနေ့ လူတိုင်းထံရောက်။

ယခု ခရစ်တော်အုပ်စိုး၊

မိမိဘက်ရပ်ရန် လှုံ့ဆော်။

အသံတော်ကြား နှိမ့်ချသူ

တရားတော် လမ်းပြပါစေ။

လူအုပ်ကြီး ဆက်တိုးပွား

တွေ့ရသည်မှာ ဝမ်းမြောက်ဖွယ်တကား။

လူတကာ ယေဟောဝါ

သိအောင်ကူညီခွင့် တို့ရရှိထား။

အသံမြှင့် ချီးမွမ်းစို့၊

လူတကာကြားအောင် ဟစ်ကြော်၊

‘လာကြ၊ ယေဟောဝါတောင်သို့၊

ထိုတွင် စဉ်မြဲနေစို့။’

(ဆာ. ၄၃:၃; ၉၉:၉; ဟေရှာ. ၆၀:၂၂; တ. ၁၆:၅ တို့ကိုလည်းကြည့်ပါ။)