မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၆၇

ယေဟောဝါထံ နေ့စဉ် ဆုတောင်းပါ

ယေဟောဝါထံ နေ့စဉ် ဆုတောင်းပါ

(၁ သက်သာလောနိတ် ၅:၁၇)

၁။ နားညောင်းရှင် ယေဟောဝါထံ ဆုတောင်းပါ။

နာမတော် သယ်ဆောင်သူများတွက် ခွင့်ထူး။

သင့်နှလုံးဖွင့်ပြပါ၊ မိတ်ဆွေလိုသာ။

မြဲအားထားနိုင်ကြောင်း ကိုယ်တော်ကိုစိတ်ချ။

ဆုတောင်း ယေဟောဝါ နေ့စဉ်။

၂။ သက်ရှင်ခွင့်ကြောင့် ကျေးဇူးတင် ယေဟောဝါ၊

ပြစ်လွှတ်ရန်ပန်ကြား၊ တို့ခွင့်လွှတ်သည်သို့။

ယုံကြည်ရဘုရားထံ အပြစ်ဝန်ခံ။

တို့မြေမှုန့်ဖြစ်ကြောင်းသိသူ ဖန်ဆင်းရှင်။

ဆုတောင်း ယေဟောဝါ နေ့စဉ်။

၃။ ဒုက္ခရောက်ချိန်မှာ ဆုပန် ယေဟောဝါ၊

တို့ဖခင် တို့နီးနား အမြဲရှိနေမှာ။

ထံတော်မှရယူ၊ မစကွယ်ကာမှု၊

အမြဲကိုးစားယုံကြည်၊ မကြောက်ဘယ်သောခါ။

ဆုတောင်း ယေဟောဝါ နေ့စဉ်။

(မ. ၆:၉-၁၃; ၂၆:၄၁; လု. ၁၈:၁ တို့ကိုလည်းကြည့်ပါ။)