မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၂၇

ယေဟောဝါဘက်ရပ်တည်ကြ

ယေဟောဝါဘက်ရပ်တည်ကြ

(ထွက်မြောက်ရာ ၃၂:၂၆)

၁။ တစ်ချိန်က တို့နှလုံးရှုပ်ထွေးခဲ့ကြ၊

မှားဘာသာခွက်ဖြင့် တို့မူးယစ်ခဲ့ရ။

သို့သော် ဘုရားနိုင်ငံအကြောင်း ကြားရ၊

တို့ပျော်ရွှင် အားတက်ကြွလာ။

(ထပ်ကျော့ပိုဒ်)

ယေဟောဝါဘက်ရပ်တည်၊

အားရမွေ့ပျော်ကြ။

သင့်အားစွန့်မထားပါ၊

ဆက်လျှောက်အလင်းမှာ။

လွတ်လပ်မှု၊ ငြိမ်သက်မှု၊

သတင်းကောင်းဟောပြော။

ခရစ်အားဖြင့်အုပ်စိုးမှု၊

အစဉ်တိုးတက်သွားမှာ။

၂။ ခုခါ တို့မှုတော်ဆောင်ရာ ဝမ်းမြောက်လှ၊

ရပ်တကာဖြန့်ချိ မှန်တရားမျိုးစေ့ချ၊

မြတ်နာမနှင့် ဂုဏ်တော်ကို ချီးမွမ်းရန်၊

တို့ညီအစ်ကိုများအား ဝိုင်းကူ။

(ထပ်ကျော့ပိုဒ်)

ယေဟောဝါဘက်ရပ်တည်၊

အားရမွေ့ပျော်ကြ။

သင့်အားစွန့်မထားပါ၊

ဆက်လျှောက်အလင်းမှာ။

လွတ်လပ်မှု၊ ငြိမ်သက်မှု၊

သတင်းကောင်းဟောပြော။

ခရစ်အားဖြင့်အုပ်စိုးမှု၊

အစဉ်တိုးတက်သွားမှာ။

၃။ မာရ်နတ်ဘာလုပ်မည်ကို ငါတို့မဖြုံ။

အရှင်ယေဟောဝါ ကူမမည်တို့ယုံ။

သူတို့မြောက်မြား၊ ငါတို့လွန်နည်းသော်ငြား၊

တို့ရဲ့ဘုရား တို့စွမ်းအား။

(ထပ်ကျော့ပိုဒ်)

ယေဟောဝါဘက်ရပ်တည်၊

အားရမွေ့ပျော်ကြ။

သင့်အားစွန့်မထားပါ၊

ဆက်လျှောက်အလင်းမှာ။

လွတ်လပ်မှု၊ ငြိမ်သက်မှု၊

သတင်းကောင်းဟောပြော။

ခရစ်အားဖြင့်အုပ်စိုးမှု၊

အစဉ်တိုးတက်သွားမှာ။

(ဆာ. ၉၄:၁၄; သု. ၃:၅၊ ၆; ဟေဗြဲ ၁၃:၅ တို့ကိုလည်းကြည့်ပါ။)