မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၅၁

ယေဟောဝါအား တို့ဆည်းကပ်

ယေဟောဝါအား တို့ဆည်းကပ်

(ယောရှု ၂၃:၈)

၁။ တို့ဘုရင်ယေဟောဝါ ထိုက်တန်ကြောင်း ဖော်ပြထားပြီ။

အပြုအမူတိုင်းတွင် တရားမျှတ၍ တည်ကြည်။

စကားတော် တစ်ခွန်းမျှ အကျိုးမဲ့ဖြစ်မသွား။

တို့ဆည်းကပ် ယေဟောဝါ၊ ထံတော်၌ အမြဲနေမှာ၊

ကိုယ်တော့်အုပ်ချုပ်ရေးလက်ခံက အကျိုးထာဝရ

၂။ မှန်တရားနှင့် တရားခြင်းပေါ် ဆောက်တည်ထားပလ္လင်တော်။

ကွန့်မြူးဘုန်းတော်ပြည့်ဝနေ ကျိန်းဝပ်သောဌာနတော်။

ခေါ်ဖိတ်ခံ နှိမ့်ချသူများ ထံတော်သို့ ချီသွား။

တို့ဆည်းကပ် ယေဟောဝါ၊ အမြင့်မြတ်ဆုံးဘုရား၊

တို့ကိုးကွယ်၊ တို့လေးစားကြည်ညို ထိုက်သောဘုရား။

၃။ ထက်ကောင်းကင်တကာ့ကောင်းကင် ကိုယ်တော်ကိုမဆံ့နိုင်။

မည်သည့်ရန်သူမျှ ကိုယ်တော်ကို ခံရပ်မတားနိုင်။

ကတိတော်မှန်သမျှ ပြည့်စုံသွားမည် တို့ယုံကြည်။

တို့ဆည်းကပ် ယေဟောဝါ၊ အလိုတော် ထမ်းလိုကြ၊

ငါတို့ကိုးကွယ်ဆည်းကပ်မှု ပိုနက်ရှိုင်းစေသား။

(တရား. ၄:၄; ၃၀:၂၀; ၄ ရာ. ၁၈:၆; ဆာ. ၈၉:၁၄ တို့ကိုလည်းကြည့်ပါ။)