မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၁၃၁

ယေဟောဝါ ကယ်လွှတ်တော်မူ၏

ယေဟောဝါ ကယ်လွှတ်တော်မူ၏

(၂ ဓမ္မရာဇဝင် ၂၂:၁-၈)

၁။ သက်ရှင်ဘုရား၊ ယေဟောဝါ၊ ဖြစ်ကြောင်းခိုင်လုံစွာ၊

အမှုတော်များ မိုး၊ မြေ နှင့်ပင်လယ်တွင် ထင်ရှား။

အမှုတော်ကို တုပြိုင်နိုင်လောက်သည့်ဘုရား —မရှိပါ။

ပျက်စီးအံ့ ရန်သူများ။

(ထပ်ကျော့ပိုဒ်)

ယေဟောဝါ၊ သစ္စာ စောင့်များအား ကယ်လွှတ်၏။

ကိုယ်တော် ကျောက်ဆောင်ကြီး ဖြစ်ကြောင်း ကျွန်တော်များ တွေ့ရ။

ထို့ကြောင့် ရဲရင့်ခြင်း၊ ယုံကြည်ခြင်းဖြင့်၊ ယေဟောဝါ၏

ဂုဏ်ကျော်စောခြင်း တို့ကြေညာ၊ နာမတော်တို့ ချီးမွမ်း။

၂။ သေခြင်းကြိုး ဝိုင်းခံရလည်း ကိုယ်တော်ကို ခေါ်မည်၊

“ယေဟောဝါ၊ ပေးမူပါ၊ ခွန်အား၊ ရဲစွမ်းသတ္တိ။”

ဗိမာန်တော်ထဲက ကျွန်ုပ် တောင်းပန်သံကြား၊ “ကာကွယ်ပါ၊

ကယ်တင်ပါ၊ အို ဘုရား။”

(ထပ်ကျော့ပိုဒ်)

ယေဟောဝါ၊ သစ္စာ စောင့်များအား ကယ်လွှတ်၏။

ကိုယ်တော် ကျောက်ဆောင်ကြီး ဖြစ်ကြောင်း ကျွန်တော်များ တွေ့ရ။

ထို့ကြောင့် ရဲရင့်ခြင်း၊ ယုံကြည်ခြင်းဖြင့်၊ ယေဟောဝါ၏

ဂုဏ်ကျော်စောခြင်း တို့ကြေညာ၊ နာမတော်တို့ ချီးမွမ်း။

၃။ ကောင်းကင်မှ မိုးချုန်း၍ အသံပြုတော်မူမည်။

ရန်သူများ တုန်လှုပ်၍၊ ကျွန်တော်များ ရွှင်လန်းမည်။

အလိုတော်ရှိသမျှအတိုင်း ဖြစ်၍ ကိုယ်တော့်

ကယ်လွှတ်ပုံ၊ အားလုံးတွေ့မြင် ရအံ့။

(ထပ်ကျော့ပိုဒ်)

ယေဟောဝါ၊ သစ္စာ စောင့်များအား ကယ်လွှတ်၏။

ကိုယ်တော် ကျောက်ဆောင်ကြီး ဖြစ်ကြောင်း ကျွန်တော်များ တွေ့ရ။

ထို့ကြောင့် ရဲရင့်ခြင်း၊ ယုံကြည်ခြင်းဖြင့်၊ ယေဟောဝါ၏

ဂုဏ်ကျော်စောခြင်း တို့ကြေညာ၊ နာမတော်တို့ ချီးမွမ်း။

(ဆာ. ၁၈:၁၊ ၂; ၁၄၄:၁၊ ၂ တို့ကိုလည်းကြည့်ပါ။)