မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၇၆

ယေဟောဝါ၊ ငြိမ်သက်ခြင်းဘုရား

ယေဟောဝါ၊ ငြိမ်သက်ခြင်းဘုရား

(ဖိလိပ္ပိ ၄:၉)

၁။ ယေဟောဝါ၊ ငြိမ်သက်ရှင်၊

ချစ်ခြင်း အဆုံးမဲ့ဘုရား။

ကောင်းကျိုးတိုးရန် အေးဆေးငြိမ်သက်

သည့်သဘော မစမူပါ။

အကြံဉာဏ်တော်ကို ရှာကြ၊

သားတော်ဖြင့် တို့အသက်ဝယ်။

လူ့အကြံဉာဏ် ထက်မြင့်မားသည့်

ငြိမ်သက်ခြင်း ပေးသနားပါ။

၂။ ငြိမ်သက်ခြင်းမဲ့ လောက၊

ဒုက္ခကြဲ၍ ဒုက္ခရိတ်။

မျက်နှာသာရ လူမျိုးပေါ်မူ၊

ငြိမ်သက်ခြင်း မိုးဖွဲသက်ရောက်။

အလိုတော်ကို ကောင်းစွာသိ၊

သစ္စာကတိဝတ် ဖြည့်ရာ၌

ကျွန်ုပ်တို့လုံ့လ ကောင်းချီးပေးကာ

ငြိမ်သက်ခြင်း တိုးပွားစေပါ။

၃။ အလင်းပေး တရားတော်။

မြင်ကွင်းရှင်းစေ စွမ်းအားတော်၊

ကျွန်ုပ်တို့ကို လမ်းပြကာကွယ်

မှောင်မိုက်သော ဤလောကထဲ။

ကျွန်ုပ်တို့ စိတ်အကြံ

လုံခြုံဘေးလွတ်ကင်းဖို့ရန်

ငြိမ်သက်ခြင်းသည် နှင်းစက်အလား

နှလုံးငြိမ်သက် လန်းစေပါ။

(ဆာ. ၄:၈; ဖိ. ၄:၆၊ ၇; ၁ သက်. ၅:၂၃ တို့ကိုလည်းကြည့်ပါ။)