မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၄၄

ရိတ်သိမ်းခြင်းတွင် ပျော်ရွှင်စွာပါဝင်

ရိတ်သိမ်းခြင်းတွင် ပျော်ရွှင်စွာပါဝင်

(မဿဲ ၁၃:၁-၂၃)

၁။ ရိတ်သိမ်းခြင်းအချိန်၌ တို့အသက်ရှင်၊

ခွင့်ထူးရရှိ မနှိုင်းယှဉ်သာ။

ရိတ်သိမ်းသူမှာ ကောင်းကင်တမန်များ၊

တို့လည်း ဤလုပ်ငန်းတွင် ဝင်ပါ။

ခရစ်ယေရှု လယ်ကွင်းဦးဆောင်မှုပြု၊

သို့ဖြင့် စံနမူနာတင်ပြ။

ရိတ်သိမ်းမှုတွင် ပြုံးရွှင်စွာပါဝင်ရ၊

ကြီးမြတ်လှပေ ခွင့်ထူးကြီးပါ။

၂။ ဘုရားနှင့် အိမ်နီးချင်း ချစ်ခြင်းက

အရှိန်မြှင့်ဖို့ တို့အားလှုံ့ဆော်ပေး။

အဆုံးနီးပြီ ဖြစ်၍ ရိတ်သိမ်းခြင်း

နှင့် ဟောပြောခြင်း အရေးကြီးလှ။

ဘုရားနှင့်အတူ ပူးပေါင်းဆောင်ရွက်ကာ

အတိုင်းထက်အလွန် ဝမ်းမြောက်မှုရ။

နိုင်ငံတော်လုပ်ငန်းတွင် ကြံ့ကြံ့ခံက

ကောင်းချီးရမှာ ဧကန်မုချ။

(မ. ၂၄:၁၃; ၁ ကော. ၃:၉; ၂ တိ. ၄:၂ တို့ကိုလည်းကြည့်ပါ။)