မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၄၅

ရှေ့သို့ တိုးတက်နေပါ

ရှေ့သို့ တိုးတက်နေပါ

(ဟေဗြဲ ၆:၁)

၁။ တိုးတက်ပါ၊ တိုးတက်ပါ၊ ရင့်ကျက်ခြင်းသို့လေ။

အရည်အချင်းတိုးနေရန် ဘုရားအလိုတော်ပေ။

ဓမ္မအမှု တိုးတက်ဖို့ စွမ်းကုန်ကြိုးစားလေ၊

သို့မှ ဘုရားကောင်းချီးပေးမှာ။

မှုတော်ဆောင်ခွင့်ရေး အားလုံးရထား၊

ယေရှုပြုခဲ့သောအမှု သတိရ။

သင်ဘယ်တော့ မလဲဖို့ ဘုရားအားမျှော်ကိုး၊

ဖြောင့်မှန်ခြင်းဘက် ရပ်တည်နေ။

၂။ တိုးတက်ပါ၊ တိုးတက်ပါ၊ ရဲရဲသက်သေခံ။

ထာဝရသတင်းကောင်း လူတွေအားလုံးတွက်ဆောင်ကြဉ်း။

ချီးမွမ်းကြ ရှင်ယေဟောဝါ ဘုရား၊ ဘုရင်၊

အိမ်ရှေ့တိုင်းတွင် သက်သေခံ။

ရန်သူများ တို့ကြောက်အောင် လုပ်ဆောင်ကြ။

လူတကာကြားသိဖို့ နောက်မဆုတ်နဲ့။

တို့ဘုရားနိုင်ငံတော်တည်ပြီ သတင်းကောင်း

အမှန်တရားကို တိုးသင်ပြ။

၃။ တိုးတက်ပါ၊ တိုးတက်ပါ၊ အစဉ်တိုးတက်ပါ၊

လုပ်စရာမြောက်မြားစွာတွက် သင့်စွမ်းရည်ကိုမြှင့်ပေး။

စွမ်းအားတော် အစဉ်သင့်အား လှုံ့ဆော်စေပါ။

မြတ်လှသော ရွှင်လန်းမှုပါ။

မေတ္တာဖြင့် လူတို့ကို ကြိုးစားရှာ၊

စိတ်နှလုံးထိမိဖို့ လည်ပတ်ကာ၊

အားလုံးကို နေ့စဉ်တိုးတက်ဖို့ ကူညီပါ။

အမှန်တရား ထင်ရှားလာမှာ။

(ဖိ. ၁:၂၇; ၃:၁၆; ဟေဗြဲ ၁၀:၃၉ တို့ကိုလည်းကြည့်ပါ။)