မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၁၁၅

လမ်းခရီးကို အောင်မြင်ရန်ပြုခြင်း

လမ်းခရီးကို အောင်မြင်ရန်ပြုခြင်း

(ယောရှု ၁:၈)

၁။ ယေဟောဝါ တရား၌ တို့မွေ့လျော်။

ကျမ်းစာနေ့စဉ်ဖတ်စို့။

ဆိုလိုချက်တိုင်းကို တိုးတိုးဖတ်၊

ဆင်ခြင်၍ လိုက်လျှောက်စို့။

တို့အတွေးတိုင်း၊ ခြေလှမ်းတိုင်းကို

တရားတော် လမ်းညွှန်စေ။

(ထပ်ကျော့ပိုဒ်)

ဖတ်ပါ၊ တွေးတောပါ၊ လိုက်လျှောက်ပါ။

ယေဟောဝါ့ ကောင်းချီးရ။

နေ့စဉ်နေ့တိုင်း ဘုရားနှင့်လျှောက်။

အောင်မြင်ရာလမ်း တွေ့မှာ။

၂။ အစ္စရေးလ်မင်းများ အုပ်စိုးစဉ်၊

ဤအမိန့်တော်ကိုရ၊

‘ဘုရင်တိုင်း ဘုရားပညတ်ကို

ကိုယ့်လက်နှင့် ကူးရေးရ။

ကျူးလွန်ပြစ်မှား မပြုမိရန်၊

တစ်သက်လုံး ဖတ်ရမည်။’

(ထပ်ကျော့ပိုဒ်)

ဖတ်ပါ၊ တွေးတောပါ၊ လိုက်လျှောက်ပါ။

ယေဟောဝါ့ ကောင်းချီးရ။

နေ့စဉ်နေ့တိုင်း ဘုရားနှင့်လျှောက်။

အောင်မြင်ရာလမ်း တွေ့မှာ။

၃။ တရားတော် နေ့စဉ် မှီဝဲကြလျှင်

မျှော်လင့်၊ နှစ်သိမ့်ခြင်းရ။

သောကနှလုံး အေးငြိမ်းချမ်းသာ၊

ယုံကြည်ခြင်း ခိုင်ခံ့လာ။

တရားတော်ကို သက်ဝင်ယုံကြည်လျှင်၊

တိုးတက်ရင့်ကျက်လာမှာ။

(ထပ်ကျော့ပိုဒ်)

ဖတ်ပါ၊ တွေးတောပါ၊ လိုက်လျှောက်ပါ။

ယေဟောဝါ့ ကောင်းချီးရ။

နေ့စဉ်နေ့တိုင်း ဘုရားနှင့်လျှောက်။

အောင်မြင်ရာလမ်း တွေ့မှာ။