သီချင်း ၄၁
လူငယ်ဘဝတွင် ယေဟောဝါအား ကိုးကွယ်ကြ
၁။ သားသမီးတို့ ဘုရားရှေ့ ဖိုးထိုက်လှ၊
ချစ်ဖွယ်ကောင်းသင်တို့ ဘုရားလွန်ချစ်စွ။
မိဘ၊ မိသားစုနှင့် မိတ်ဆွေအားဖြင့်
သင်တို့ကို ဘုရားသခင် ဂရုစိုက်။
၂။ ပြုစုစောင့်ရှောက်သောမိဘကို ရိုသေ၊
အငြင်းပွားခြင်း၊ ရန်ခိုက်ဒေါသ ကင်းစေ။
လူရှေ့ ဘုရားရှေ့ မျက်နှာသာရက၊
သင့်လူငယ်ဘဝ အပျော်ဆုံးဖြစ်လိမ့်မှာ။
၃။ လူငယ်ဘဝတွင် ဘုရားသတိရ၊
အမှန်တရားချစ်စိတ် မြဲတိုးပွားကြ။
သင်တို့သက်တာ ဆက်ကပ်နှံအပ်ခြင်းဖြင့်
နှလုံးရွှင်ပြုံးစေ ယေဟောဝါရှင်အား။
(ဆာ. ၇၁:၁၇; မြည်. ၃:၂၇; ဧ. ၆:၁-၃ တို့ကိုလည်းကြည့်ပါ။)