မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၁၂၈

လောကဇာတ်ကွက် ပြောင်းလဲနေ

လောကဇာတ်ကွက် ပြောင်းလဲနေ

(၁ ကောရိန္သု ၇:၃၁)

၁။ အပြစ်နှင့်သေခြင်းမှ တို့ကို

ကယ်တင်၍ မျှော်လင့်ခြင်းပေးရန်၊

သားတော်ကို ဘုရားပေးသနား—

တန်ဖိုးကြီးဆုံး လက်ဆောင်ပင်။

(ထပ်ကျော့ပိုဒ်)

လောကဇာတ်ကွက် ပြောင်းလဲ

နေသော်ငြားလည်း၊

ကောင်းကင်နှင့်ဤမြေတွက် မင်္ဂလာ

ငါတို့ဘုရား ပြင်ဆင်ထား။

၂။ ပတ်ဝန်းကျင်လောက နာဖျားနေ။

ဤစနစ်ဆိုးသည် ကျရှုံးနေ။

တို့ကြိုဆို၊ ဘုရားအုပ်ချုပ်ရေး၊

နိုင်ငံတော် မွေးဖွားလေပြီ။

(ထပ်ကျော့ပိုဒ်)

လောကဇာတ်ကွက် ပြောင်းလဲ

နေသော်ငြားလည်း၊

ကောင်းကင်နှင့်ဤမြေတွက် မင်္ဂလာ

ငါတို့ဘုရား ပြင်ဆင်ထား။