မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၁၂၄

သူတို့ကို ဧည့်ဝတ်ပြူငှာစွာ လက်ခံပါ

သူတို့ကို ဧည့်ဝတ်ပြူငှာစွာ လက်ခံပါ

(တမန်တော် ၁၇:၇)

၁။ ယေဟောဝါ စိတ်ရင်းမှန်ဖြင့် ဧည့်ဝတ်ကျေပွန်။

ဘက်မလိုက်၊ အားလုံးကို ဂရုစိုက်စောင့်ရှောက်။

နေထွက်ပေး၊ မိုးရွာပေး၊

မည်သူမျှ ကွက်မထား၊

အစာ၊ ရွှင်လန်းမှု နှလုံးဖြည့်ပေး။

နိမ့်ကျသူတွေအား တို့ကူညီသည့်အခါတိုင်း၊

ချစ်သားများကဲ့သို့ ဘုရားတုပရာရောက်။

တို့ပြသောကောင်းမြတ်ခြင်း၊ စစ်မှန်ကြင်နာခြင်းအတွက်

ခမည်းတော် ပြန်လည်ပေးဆပ်လိမ့်မည်။

၂။ ချို့ငဲ့နေသူများကို ကူညီပေးခြင်းမှ

ရရှိမည့်အကျိုးကို တို့များမသိပါ။

သူစိမ်းပင်ဖြစ်ပါစေ၊ ဧည့်ဝတ်ကျေပွန်စွာဖြင့်၊

တို့များကူညီစောင့်ရှောက်မှုပေးကြ။

ရှေးခေတ်ကလုဒိလို ‘လာတည်းပါ’ တို့ပြော။

အိမ်ထဲရောက်သည့်အခါ၊

ငြိမ်သက်အေးချမ်းရ။

ကိုယ်တော်ကိုတုပ၍ ကရုဏာစိတ်ထားဖြင့်၊

ရိုင်းပင်းသူကို ခမည်းတော်သိ၏။