မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၁၃၅

အဆုံးအထိ ခံရပ်နေပါ

အဆုံးအထိ ခံရပ်နေပါ

(မဿဲ ၂၄:၁၃)

၁။ နှုတ်မြွက်တော်နှင့် ကတိတော်များ

ခံရပ်နိုင်ရန် အကြောင်းပေ။

သင်သိရှိ လက်ခံထားရာများ

ရင်းမြစ်ခိုင်၊ မှန်ကန်လှပေ။

သန့်ရှင်း ယုံကြည်ခြင်းတွင် မြဲနေ၊

စိတ်စွဲလမ်း ဘုရားနေ့ကြီး။

သမာဓိဖြင့် ခိုင်မြဲ ရပ်တည်၊

စမ်းသပ် သန့်စင်ခံ ရမည်။

၂။ ပျောက်သွားနိုင်သည့် ကနဦး မေတ္တာ၊

ဆက်ရှိနေရန် ထိန်းပါ။

မည်သို့ဆိုစေ၊ ခံရပ် မြဲမြံ၊

စမ်းသပ်မှု မြောက်မြားအား။

ဘယ်စမ်းသပ်မှုမျိုး တွေ့ရပါစေ

ယုံမှားခြင်း၊ ကြောက်ခြင်း ပယ်ရှား။

ယေဟောဝါ ကယ်လွှတ်ပေး လိမ့်မည်၊

တို့နား အမြဲရှိ နေမှာ။

၃။ အဆုံးထိ ခံရပ်သော သူတိုင်း

ကယ်တင်ခံရ လိမ့်မည်။

အသက်စာတွင် သူတို့ အမည်၊

ရေးမှတ်ထားခြင်း ခံရမည်။

ထိုကြောင့် ပန်းတိုင်ထား ကြိုးစားပါ၊

ခံရပ်စွမ်း အဆုံးရောက်သည်တိုင်။

ယေဟောဝါထံမှ ကောင်းချီးရ၊

ဝမ်းမြောက် မှုဖြင့်ပြည့် နေမှာ။

(ဟေဗြဲ ၆:၁၉; ယာ. ၁:၄; ၂ ပေ. ၃:၁၂; ဗျာ. ၂:၄ တို့ကိုလည်းကြည့်ပါ။)