သီချင်း ၁၇
အသင်သက်သေများ ရှေ့သို့ချီတက်
၁။ မြဲခိုင်စွာရပ်တည်ကြ ဤခေတ်ဆုံးခန်းမှာ၊
အဆင်သင့် ကျွန်တော်များ၊ ကာကွယ်ကြ သတင်းကောင်းအား။
တို့ကိုစာတန်ရန်လုပ်ဝါကြွားပစေ၊
မကြောက်တမ်း ဘုရားစွမ်းအားနဲ့ချီတက်မလေ။
(ထပ်ကျော့ပိုဒ်)
ရှေ့တိုးချီတက် တည်ကြည်လျက် သက်သေခံတို့များ
ဘုရားအမှုတော်တွင် ပါဝင်ခွင့်ကြောင့် ဝမ်းမြောက်ကြ။
ပရဒိ နီးလာ ကောင်းချီးများရောက်လာတော့မှာ၊
လူနေရပ်တကာမှာ လိုက်ဟောပြောကြ။
၂။ ဂျား၏စစ်သား ရေသာခိုဘဝ မရှာ၊
ဤလောကနှင့် မင်းတွေ အကြိုက်မကြိုးစားပါ။
စွန်းကွက်ခြင်းကင်းရှင်း ဖြူစင်သက်တာ၊
သမာဓိခိုင်မြဲဖို့တွက် တို့စောင့်ထိန်းမှာ။
(ထပ်ကျော့ပိုဒ်)
ရှေ့တိုးချီတက် တည်ကြည်လျက် သက်သေခံတို့များ
ဘုရားအမှုတော်တွင် ပါဝင်ခွင့်ကြောင့် ဝမ်းမြောက်ကြ။
ပရဒိ နီးလာ ကောင်းချီးများရောက်လာတော့မှာ၊
လူနေရပ်တကာမှာ လိုက်ဟောပြောကြ။
၃။ ဘေးချိတ်၊ လှောင်ကြ၊ နိုင်ငံတော် မျှော်လင့်ချက်အား၊
နာမတော် ထိပါး၊ မြင့်မြတ်ခြင်းပယ်ငြင်းခံရ။
ရှင်းသန့်မြင့်မြတ်စေရန် ဆောင်ရွက်ကြ၊
ကြေညာပါ လူမျိုးအားလုံးသိစေဖို့ရာ။
(ထပ်ကျော့ပိုဒ်)
ရှေ့တိုးချီတက် တည်ကြည်လျက် သက်သေခံတို့များ
ဘုရားအမှုတော်တွင် ပါဝင်ခွင့်ကြောင့် ဝမ်းမြောက်ကြ။
ပရဒိ နီးလာ ကောင်းချီးများရောက်လာတော့မှာ၊
လူနေရပ်တကာမှာ လိုက်ဟောပြောကြ။
(ဖိ. ၁:၇; ၂ တိ ၂:၃၊ ၄; ယာ. ၁:၂၇ တို့ကိုလည်းကြည့်ပါ။)