မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၉၇

အသင် နိုင်ငံတော်အမှုတော်ဆောင်များ ရှေ့သို့ချီ

အသင် နိုင်ငံတော်အမှုတော်ဆောင်များ ရှေ့သို့ချီ

(၂ တိမောသေ ၄:၅)

၁။ လူမျိုးတကာကို နိုင်ငံတော် အကြောင်း

လိုက်ဟောပြောဖို့ ချီတက်ကြ။

လူချင်းမေတ္တာထား၊ နှိမ့်ချသူအား

ပြတ်သားရပ်တည်ဖို့ဖေးမ။

အမှုတော်ဆောင်ခြင်း ထူးမြတ်ခွင့်ရေးပါ၊

တရားတော် တို့ဝမ်းမြောက်လျက်ကြေညာ။

လယ်ကွင်းသို့ထွက်သွား၍ ဆက်ဟောပြော၊

သန့်ရှင်းနာမတွက် သက်သေခံ။

(ထပ်ကျော့ပိုဒ်)

ချီတက်၊ ရဲရဲဟော

နိုင်ငံတော်သတင်း၊ ပိုမိုပျံ့နှံ့စေ။

ချီတက်၊ ခိုင်မြဲသစ္စာစောင့် ရပ်တည်ကြ

ရှင်ယေဟောဝါဘက်။

၂။ အမှုတော်ဆောင်စစ်များ၊ ရှေ့သို့ချီတက်၊

အသက်ဆု မျက်မှောက်ပြုနေ။

နှလုံးအသစ်ပြုပြင်လျက် ချီတက်၊

သခင့်ခြေရာ လိုက်နင်းလျက်။

ဘုရားနိုင်ငံတော် သတင်းကောင်းကို

လူတကာ ကြားသိဖို့လိုပေ။

ယေဟောဝါခွန်အားဖြင့် တို့ဟောပြော၊

ဘာမျှမကြောက် ကိုယ်တော်ပါလျှင်။

(ထပ်ကျော့ပိုဒ်)

ချီတက်၊ ရဲရဲဟော

နိုင်ငံတော်သတင်း၊ ပိုမိုပျံ့နှံ့စေ။

ချီတက်၊ ခိုင်မြဲသစ္စာစောင့် ရပ်တည်ကြ

ရှင်ယေဟောဝါဘက်။

၃။ လက်တွဲ တူတကွ အစဉ်ချီတက်၊

အခြား သိုးနှင့် အကြွင်းကျန်။

လူမိန်းမ၊ ယောက်ျား၊ လူအို၊ လူငယ်၊

အမီ လိုက်ကြ အမှန် တရား။

အမှုတော်ကို မြင့်မြတ်ဝတ် သဘောထား၊

သာမန်မမှတ် တို့ဝတ်ပြုရေး။

သန့်ရှင်း စင်ကြယ် ကျင့်ကြံ နေထိုင်ကာ၊

ဘုရားရှေ့ အဖိုးထိုက်ကြောင်း တင်ပြ။

(ထပ်ကျော့ပိုဒ်)

ချီတက်၊ ရဲရဲဟော

နိုင်ငံတော်သတင်း၊ ပိုမိုပျံ့နှံ့စေ။

ချီတက်၊ ခိုင်မြဲသစ္စာစောင့် ရပ်တည်ကြ

ရှင်ယေဟောဝါဘက်။

(ဆာ. ၂၃:၄; တ. ၄:၂၉၊ ၃၁; ၁ ပေ. ၂:၂၁ တို့ကိုလည်းကြည့်ပါ။)