ကျမ်းစောင်နာမည်တွေကို အလွတ်ကျက်ကြစို့ (အပိုင်း ၃)
ကူးယူပါ-
၁။မဿဲ—ယေရှု ကမ္ဘာကိုလာပြီး သွန်သင်ပေးခဲ့တာ။
မာကု—ယေရှုဟာ ဘုရားသားဖြစ်ကြောင်း အံ့ဖွယ်အမှုတွေက ဖော်ပြ။
လုကာ—ယေရှုပြောတဲ့ ပုံဥပမာ တို့တစ်တွေ သင်ယူကြရမှာ။
ယောဟန်—သေလွန်သူတွေ ပြန်ရှင်မှာ၊ လာဇရုကဲ့သို့ပါ။
တမန်တော်—ကမ္ဘာမြေအနှံ့မှာ သတင်းကောင်းပျံ့ခဲ့တာ။
ရောမ—လူအားလုံးကို ဘုရား ကရုဏာပြတဲ့အကြောင်း။
၁ ကောရိန္သု —မေတ္တာစစ်အကြောင်း တို့ကိုသွန်သင်ပေး။
၂ ကောရိန္သု —တခြားသူကို ခွင့်လွှတ်ရင် ဘုရားသခင် ချစ်မြတ်နိုး။
ဂလာတိ—လူတိုင်းကို ကောင်းမှုပြုပါ၊ လက်မလျှော့ပါနဲ့ကွာ။
ဧဖက်—မိသားစုဘဝ စံပြဖြစ်ဖို့ တို့ကို သွန်သင်ပေး။
ဖိလိပ္ပိ—မှန်တဲ့အရာ၊ ကောင်းတဲ့အရာကို အမြဲအာရုံစိုက်။
ကောလောသဲ—နာခံမှုက တို့ကို၊ ပျော်ရွှင်စေမှာပါ။
၁ သက်သာလောနိတ်—အချိန်တိုင်း၊ နေရာတိုင်း ဆုတောင်းနိုင်။
၂ သက်သာလောနိတ်—ဘာပဲဖြစ်ဖြစ် မိတ်ဆွေတွေကို ယေဟောဝါ ကူညီပေး။
၁ တိမောသေ—သမ္မာကျမ်းစာကို ငယ်ငယ်ကတည်းက သူသိရှိခဲ့တာ။
၂ တိမောသေ—အသင်းတော် တိုးတက်အောင် ရဲရဲရင့်ရင့် သူလုပ်ဆောင်။
တိတု—တို့တစ်တွေ ဂရုစိုက်တာ အကြီးအကဲတွေ သိစေပါ။
ဖိလေမုန်—သူ့ရဲ့ကျွန်က ခရစ်ယာန်ညီအစ်ကို ဖြစ်လာတာ။
ဟေဗြဲ—ပတ်စဉ်စည်းဝေးတွေ အမြဲတက်ရောက်ကြပါလေ။
ယာကုပ်—ကောင်းမြတ်တဲ့ ဆုကျေးဇူးအားလုံးဟာ ဘုရားသခင်ဆီကလာ။
၁ ပေတရု—အတုယူစရာ စံနမူနာ ခရစ်တော် ပြခဲ့တာ။
၂ ပေတရု—ယေဟောဝါက တို့တစ်တွေကို သန့်ရှင်းနေစေလို။
၁ ယောဟန်—နာခံတာဟာ ဘုရားကို ချစ်ကြောင်း တင်ပြတာ။
၂ ယောဟန်—မှန်တဲ့လမ်းမှာ သစ္စာရှိရှိ လျှောက်လှမ်းပါ။
၃ ယောဟန်—ခရစ်ယာန်ပီပီ ဧည့်ဝတ်ပြုကြပါ။
ယုဒ—စာတန်ကို အရှုံးမပေးနဲ့။ မှန်ရာလုပ်ဖို့ တိုက်လှန်နေကြစို့။
ဗျာဒိတ်—ပရဒိသု ဘယ်လိုဖြစ်လာမှာ ဖော်ပြပေးထားတာ။
(ထပ်ကျော့ပိုဒ်)
ကျမ်းစာဟာ အထူးမြတ်ဆုံးစာအုပ်ပါ။
ယေဟောဝါ လက်ဆောင်ဖြစ်ကြောင်း သတိရ။
နေ့တိုင်း ကျမ်းစာဖတ်စို့၊ လိုက်နာကျင့်သုံးကြစို့။
ကျမ်းစာဟာ အထူးမြတ်ဆုံးစာအုပ်ပါ။