မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရား ဂုဏ်ယူရသူ

ဘုရား ဂုဏ်ယူရသူ

ကူးယူပါ–

  1. ၁။ လူတွေ ကြိုဆိုနှစ်သက်မှုပဲ ရချင်

    စိတ်ငြိုငြင်မှာလည်း သိပ်ကြောက်တယ်

    လှောင်ပြောင်မှာ စိုးလို့ ပြေးပုန်းလိုက်ချင်

    မှန်ရာကိုတောင် လုပ်ဖို့ ခက်နေ

    (အကြိုထပ်ကျော့ပိုဒ်)

    အို ရှက်ကြောက်မနေပါနဲ့လေ

    ခေါင်းကို မော့ထားလိုက်

    (ထပ်ကျော့ပိုဒ်)

    ရှက်စရာမလိုဘူး မကြောက်နဲ့

    ဘုရားအမြင်မှာတော့ စိန်ပွင့်ကလေးပေါ့

    တခြားသူတွေနဲ့ ကွာခြားကွဲပြားနေလည်း

    တို့ဘုရားက

    ဂုဏ်ယူမှာ သိထားလိုက်ပါ

  2. ၂။ တစ်ခါတလေမှာ တစ်လောကလုံးနဲ့ ဆန့်ကျင်

    သိပ်အဆင်မပြေလို့ စိတ်ရှုပ်မိတယ်

    ယေဟောဝါက တို့ဘေးနား မြဲရှိလို့နေ

    ကူညီမှာ သတ္တိရှိဖို့

    (အကြိုထပ်ကျော့ပိုဒ်)

    အို မကြောက်နဲ့

    ခေါင်းကို မော့ထားလိုက်

    (ထပ်ကျော့ပိုဒ်)

    ရှက်စရာမလိုဘူး မကြောက်နဲ့

    ဘုရားအမြင်မှာတော့ စိန်ပွင့်ကလေးပေါ့

    တခြားသူတွေနဲ့ ကွာခြားကွဲပြားနေလည်း

    တို့ဘုရားက

    ဂုဏ်ယူမှာ သိထားလိုက်ပါ။