မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အမြန်ဆုံး တွေ့ချင်လှပြီ

အမြန်ဆုံး တွေ့ချင်လှပြီ

ကူးယူပါ–

  1. ၁။ မောင်လေး၊ ယုယချစ်ဖွယ်

    တိုးတိတ်ညင်သာ ပိုက်ထွေးမယ်

    မောင်လေး၊ ယုယချော့မြှူ

    အနားက မခွာ ကြင်နာပါ့မယ်

    လမ်းပြဆုံးမ သွန်သင်မယ်

    တစ်ခါခါ စိတ်ကောက်စိတ်တိုမိရင်

    မကြီးပီပီ စံထားလောက်အောင်

    နေပါမယ်

    (ထပ်ကျော့ပိုဒ်)

    ဒီအိမ်လေးထဲ မင်းပျော်မှာ

    ပျော်စရာမိသားစုလည်း ပိုင်မှာ

    ယေဟောဝါလည်း သွန်သင်မှာ အမြဲ

    တို့ကြိုနေမှာ

    အမြန်ဆုံး တွေ့ချင်လှပြီ

  2. ၂။ မောင်လေး၊ ဆုတောင်းတတ်ဖို့

    တို့ချစ်တဲ့ ဖေဖေ သင်ပေးမှာ

    မောင်လေး၊ နည်းမျိုးပေါင်းစုံ

    တို့ဆော့ကြမယ်လေ ပျော်လိုက်တာ

    တို့အရုပ်တို့ ပေးဆော့ဖို့ တကယ်ခက်လည်း

    ငိုနေတာ မြင်တော့ တကယ်စိတ်မကောင်းဘူး

    မကြီးပီပီ စံထားလောက်အောင်

    နေပါမယ်

    (ထပ်ကျော့ပိုဒ်)

    ဒီအိမ်လေးထဲ မင်းပျော်မှာ

    ပျော်စရာမိသားစုလည်း ပိုင်မှာ

    တကယ် ကြိုနေမှာပါ

    အိမ်မှာ ယောက်တိုင်း ပွေ့ဖို့ စောင့်ကြိုနေတာ

    အမြန်ဆုံး တွေ့ချင်လှပြီ။