မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၁၁၆

ကြင်နာမှုရဲ့ အစွမ်းတန်ခိုး

ကြင်နာမှုရဲ့ အစွမ်းတန်ခိုး

(ဧဖက် ၄:၃၂)

  1. ၁။ လှိုက်လှဲစွာ ယေဟောဝါအား ကျေးဇူးတင်၊

    ကျမ်းစာမှ တို့သိရ၊

    ကိုယ်တော့် တန်ခိုး၊ ဉာဏ်ပညာ ကြီးမားလည်း

    မေတ္တာနဲ့ ကြင်နာမှု ပြည့်ဝ။

  2. ၂။ ယေရှု ဖိတ်ခေါ်ထား စိတ်ပင်ပန်းသူများ

    စိုးရိမ်မှု မရှိရန်။

    ယေရှု စိတ်နူးညံ့၊ ထမ်းပိုးလည်း ထမ်းလွယ်၊

    အမြဲ ကြင်နာ၊ စိတ်ကို လန်းရွှင်စေ။

  3. ၃။ တို့ဘုရားရှင်နဲ့ သခင်ယေရှုကို

    တုပသင့်ကြောင်း တွေ့ရ။

    ကြင်နာမှုအစွမ်း တို့ရရှိနိုင်ကြ၊

    ကြင်နာမှုကြောင့် သန်စွမ်းနိုင်ကြ။

(မိ. ၆:၈။ မ. ၁၁:၂၈-၃၀။ ကော. ၃:၁၂။ ၁ ပေ. ၂:၃ တို့ကိုလည်း ကြည့်ပါ။)