မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၁၃၃

လူငယ်ဘဝမှာ ယေဟောဝါကို ကိုးကွယ်ကြ

လူငယ်ဘဝမှာ ယေဟောဝါကို ကိုးကွယ်ကြ

(ဒေသနာ ၁၂:၁)

  1. ၁။ သားသမီးတို့ ဘုရားရှေ့ ဖိုးထိုက်လှ၊

    ခွန်အားပေးဆက်၊ သစ္စာရှိလူငယ်များ။

    တို့ကို ဘုရား ဂရုစိုက်စောင့်ရှောက်မှာ။

    သက်ရှင်သရွေ့ ကောင်းချီးသွန်းလောင်းပေးမှာ။

  2. ၂။ ပြုစုစောင့်ရှောက်သော မိဘကို ရိုသေ၊

    တို့ဂုဏ်တင်ကာ ရိုသေကြောင်း သိရှိစေ။

    လူရှေ့ ဘုရားရှေ့ မျက်နှာသာရမှာ၊

    ရင်းနှီးစေ၊ တို့မိတ်ဆွေ ယေဟောဝါပေ။

  3. ၃။ လူငယ်ဘဝမှာ ဘုရားသတိရ၊

    အမှန်တရား ချစ်စိတ် မြဲတိုးပွားကြ။

    ဘုရားအား အကောင်းဆုံး ပေးဆက်ခြင်းဖြင့်

    နှလုံးရွှင်ပြုံးစေ ယေဟောဝါရှင်အား။

(ဆာ. ၇၁:၁၇။ မြည်. ၃:၂၇။ ဧ. ၆:၁-၃ တို့ကိုလည်း ကြည့်ပါ။)