သီချင်း ၃၁
ဘုရားနဲ့အတူ လျှောက်လှမ်းပါ
-
၁။ ဘုရားနဲ့ ကျိုးနွံစွာ လျှောက်လှမ်း၊
တရားမျှ၊ မေတ္တာပြပါ။
ယေဟောဝါထံမှာ မှီခို အားကိုးပါ။
ကိုယ်တော့် ခွန်အားမှ အားယူ။
သစ္စာနှုတ်မြွက်တော်ကို လေးမြတ်က
သင် ဘယ်တော့ မရွေ့လျော့။
ဘုရား လက်ဆွဲလမ်းပြတာကို
နားထောင်ကာ နာခံနာယူ။
-
၂။ ဘုရားနဲ့ စင်ကြယ်စွာ လျှောက်လှမ်း၊
သန့်ရှင်းရာများကို တွေးပါ။
ဘယ်လောက်ပဲ ကြီးမား၊ ကြုံရ ဒုက္ခများ၊
ခံရပ်နိုင်အောင် ဘုရား ကူ။
ချီးမွမ်းထိုက်သောအရာ ရှိသမျှ၊
မှန်ကန်ရာ ရှိသမျှ၊
အမြဲ စဉ်းစားသုံးသပ်နေက
သင်နဲ့အတူ ဘုရားရှိမှာ။
-
၃။ ဘုရားနဲ့ ပျော်ရွှင်စွာ လျှောက်လှမ်း၊
မိတ်ဆွေဖြစ်ခွင့်ကြောင့် ဝမ်းသာ။
အဆုံးမဲ့ ကောင်းချီး၊ လက်ဆောင်များအတွက်
ကျေးဇူးတင်ပါ၊ ဘုရားကို။
ဘုရားနဲ့ လျှောက်၊ အစဉ်မြဲ ဝမ်းမြောက်။
ရွှင်လန်းဟစ်ကြွေးလိုက်ပါ။
ရွှင်လန်းမှုကြောင့် အားလုံး မြင်နိုင်၊
ယေဟောဝါ သင့်အား ပိုင်ဆိုင်။
(က. ၅:၂၄။ ၆:၉။ ဖိ. ၄:၈။ ၁ တိ. ၆:၆-၈ တို့ကိုလည်း ကြည့်ပါ။)