သီချင်း ၄၅
ကျွန်တော့်နှလုံးအကြံအစည်
-
၁။ ကျွန်တော့်အကြံအစည် စိတ်ကူးများ၊
တွေးတောဆင်ခြင်မှု တစ်နေ့တာ၊
နှစ်သက်တော်မူရာ ဖြစ်စေပါ၊
မကွာစေ ဘုရားနည်းလမ်းမှာ။
စိတ်စိုးရိမ်မှုဖြင့် ဝန်လေးကာ
ငြိမ်သက်မှုမဲ့သော ညများမှာ၊
ကိုယ်တော့်အကြောင်းနဲ့ ဖြောင့်မတ်ရာ
တွေးတောဆင်ခြင် နေနိုင်ပါရစေ။
-
၂။ သန့်ရှင်း၊ မှန်ကန်ရာ ရှိသမျှ၊
ကောင်းမြတ်စင်ကြယ်ရာ ရှိသမျှ၊
အမြဲ ဆင်ခြင်လို့ နှလုံးမှာ
ငြိမ်သက်ခြင်း လွှမ်းမိုးပြည့်စေပါ။
အဖိုးထိုက်ပေ အကြံတော်များမှာ
ရေတွက်မကုန်နိုင် မြောက်မြားလှ။
ဒါကြောင့် ကိုယ်တော့်တရားများကို
လေ့ကျက်ဆင်ခြင် နေနိုင်ပါရစေ။
(ဆာ. ၄၉:၃။ ၆၃:၆။ ၁၃၉:၁၇၊ ၂၃။ ဖိ. ၄:၇၊ ၈။ ၁ တိ. ၄:၁၅ တို့ကိုလည်း ကြည့်ပါ။)