မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၈၂

‘အလင်းကို လင်းစေကြ’

‘အလင်းကို လင်းစေကြ’

(မဿဲ ၅:၁၆)

  1. ၁။ တို့အလင်း ထွန်းလင်းဖို့ ယေရှု မိန့်ကြားထား၊

    နေအလင်းလို လူတိုင်း တောက်ပလင်းရဖို့။

    သန့်ရှင်းကျမ်းစာအားဖြင့် ငြိမ်သက်သတင်းကြား။

    နှုတ်မြွက်တော် ဟောပြောရင်းနဲ့ အလင်းထင်ဟပ်ပြ။

  2. ၂။ နိုင်ငံတော်သတင်းကို အားလုံးထံ ပြောကြား၊

    ကိုယ့်အပိုင်း လုပ်ဆောင်ရင်း အလင်း ထွန်းလင်းကြ။

    ဟောပြောရင်းနဲ့ ကျမ်းစာ အလင်းလမ်းပြပေး၊

    ယောက်တိုင်းအား အမှန်တရား ဝေမျှ၊ ရွေးချယ်ခွင့် ပေးကြ။

  3. ၃။ ကြင်နာမှုပြခြင်းက လောကကို အလင်းဖြာ၊

    ဆွဲဆောင်မှုရှိ စကား လွန်စွာ ဖိုးထိုက်လှ။

    မှန်သောအရာ လုပ်ဆောင်၊ ဆက်ထွန်းလင်းနေရင်

    ဘုရား တို့အလုပ်များကို အမြဲသဘောကျ။

(ဆာ. ၁၁၉:၁၃၀။ မ. ၅:၁၄၊ ၁၅၊ ၄၅။ ကော. ၄:၆ တို့ကိုလည်း ကြည့်ပါ။)