မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၈၃

“တစ်အိမ်တက်ဆင်း”

“တစ်အိမ်တက်ဆင်း”

(တမန်တော် ၂၀:၂၀)

  1. ၁။ တစ်အိမ်မှ တစ်အိမ် တို့လိုက်ဟော၊

    ယေဟောဝါ့ စကားတော်။

    လယ်ယာနဲ့ မြို့တကာအနှံ့၊

    ယေဟောဝါသိုး ကျွေးမွေး။

    ဘုရားနိုင်ငံ အုပ်စိုးသတင်း၊

    ယေရှုခရစ် ကြိုဟောရာ၊

    ကမ္ဘာတစ်လွှား ကြေညာနေတာ

    ခရစ်ယာန် ကြီးငယ်များပါ။

  2. ၂။ တစ်အိမ်မှ တစ်အိမ် တို့ကြွေးကြော်၊

    ကယ်တင်ခြင်း သတင်းတော်။

    လူတို့ ဆုတောင်းဖို့ ဆုံးဖြတ်လာ

    ဘုရား ယေဟောဝါထံ။

    နာမတော်ကို မသိသူများ

    လေးစားမှု မပြနိုင်။

    ဒါကြောင့် အိမ်တိုင်း၊ နေရာတိုင်းမှာ၊

    လိုက်ပြောကြား မြတ်နာမ။

  3. ၃။ နိုင်ငံတော်သတင်း တို့ဖြန့်ဖို့

    အိမ်ပေါက်တိုင်း သွားကြစို့။

    လက်ခံမလား၊ ငြင်းပယ်မလား

    စိတ်ကြိုက် ရွေးခွင့်ပေးစို့။

    အနည်းဆုံး ယေဟောဝါနာမ၊

    အမှန်တရား ကြေညာ။

    အိမ်ဝတိုင်းမှာ သွားရောက်ဟောပြော၊

    ယေဟောဝါ့သိုး တွေ့မှာ။

(တ. ၂:၂၁။ ရော. ၁၀:၁၄ တို့ကိုလည်း ကြည့်ပါ။)