ဖတ်ရှုခြင်းနဲ့ သွန်သင်ခြင်း​မှာ ကြိုးစားပါ—ဗီဒီယိုများ

လူအများရှေ့ စာဖတ်ခြင်း၊ သွန်သင်ခြင်း စွမ်းရည်တွေ တိုးတက်​လာအောင် လုပ်ဆောင်ပါ။

သင်ခန်းစာ ၁

ထိရောက်တဲ့ နိဒါန်း

သင်​ပြောတာကို ပရိသတ် နားထောင်ချင်​အောင် ဘယ်လို လုပ်နိုင်သလဲ။

သင်ခန်းစာ ၂

သဘာဝ​ကျ​ကျ ပြောဆိုနည်း

သင် စကား​ပြောတဲ့အခါ နားထောင်​နေ​သူတွေ သက်သောင့်သက်သာ ရှိစေဖို့ ဘာလုပ်​နိုင်သလဲ။

သင်ခန်းစာ ၃

မေးခွန်းများကို အသုံးပြုခြင်း

နားထောင်​နေ​သူတွေနဲ့ ကျိုးကြောင်း​ဆင်ခြင်​ဖို့၊ ဆက်​စိတ်ဝင်စား​နေ​စေဖို့၊ အရေးကြီးတဲ့​အချက်တွေကို အလေးပေးဖို့ မေးခွန်းတွေ ဘယ်လို မေး​နိုင်သလဲ။

သင်ခန်းစာ ၄

ကျမ်းချက်တွေကို ဆီလျော်​စွာ မိတ်ဆက်​ပေးခြင်း

သင် ဖတ်ပြ​တဲ့ ကျမ်းချက်တွေ​ကနေ နားထောင်​သူတွေ အကျိုး​အပြည့်အဝ​ရဖို့ သင် ဘယ်လို ပြင်ဆင်​နိုင်သလဲ။

သင်ခန်းစာ ၅

တိတိကျကျ ဖတ်ရှုခြင်း

ရေးထားတာကို တိတိကျကျ အသံထွက်​ဖတ်နိုင်​ဖို့ သော့ချက်​တချို့က ဘာလဲ။

သင်ခန်းစာ ၆

ကျမ်းချက်ရဲ့ သက်ဆိုင်ပုံကို ရှင်းရှင်းလင်းလင်း တင်ပြခြင်း

ကျမ်းချက်​တစ်ချက် ဖတ်ပြီး​သွားတဲ့အခါ ကျမ်းချက် ဖတ်ရတဲ့ အကြောင်းရင်းကို ပရိသတ် သဘောပေါက်​စေဖို့ ဘာ​လုပ်သင့်သလဲ။

သင်ခန်းစာ ၇

တိကျ​မှန်ကန်​ခြင်း၊ ယုံကြည်​စိတ်ချ​ရခြင်း

အမှန်တရားကို မမှန်မကန် ပြော​မိ​တာ​မျိုး မဖြစ်အောင် ဘယ်လို လုပ်နိုင်သလဲ။

သင်ခန်းစာ ၈

သွန်သင်​ပေးတဲ့ ပုံဥပမာ​များ

ကြီးမြတ်တဲ့​ဆရာလို​ပဲ ပုံဥပမာ​တွေကို ထိရောက်တဲ့​နည်းနဲ့ ဘယ်လို အသုံးပြု​နိုင်သလဲ။

သင်ခန်းစာ ၉

သင်​ထောက်ကူ ပစ္စည်းတွေကို သင့်တော်​စွာ အသုံးပြုခြင်း

အရေးကြီးတဲ့ အချက်တွေကို နားထောင်​နေ​သူတွေ ရှင်းရှင်းလင်းလင်း နားလည်စေဖို့ ရုပ်ပုံတွေ၊ တခြား​သင်​ထောက်ကူ​ပစ္စည်းတွေကို ဘယ်လို အသုံးပြု​နိုင်သလဲ။

သင်ခန်းစာ ၁၀

အသံ​ပြောင်းလဲခြင်း

နားထောင်​နေ​သူတွေ အကြောင်းအရာကို ရှင်းရှင်းလင်းလင်း နားလည်စေဖို့၊ အသက်ဝင်​စေဖို့ အသံ​အပြောင်းအလဲ ဘယ်လို လုပ်နိုင်သလဲ။

သင်ခန်းစာ ၁၁

စိတ်​ထက်သန်ခြင်း

နားထောင်​နေသူတွေကို လက်တွေ့​လုပ်ဖို့ လှုံ့ဆော်ပေး​ရာ​မှာ စိတ်ထက်သန်မှု​ကို ဘယ်လို သုံးနိုင်​သလဲ။

သင်ခန်းစာ ၁၂

လှိုက်လှဲ​ခြင်း၊ ကိုယ်ချင်းစာနာ​ခြင်း

နားထောင်​နေသူတွေကို အမှန်တကယ် ချစ်ခင်​ကြင်နာကြောင်း၊ ကိုယ်ချင်းစာနာ​ကြောင်း ဘယ်လို ပြ​နိုင်သလဲ။

သင်ခန်းစာ ၁၃

လက်တွေ့ကျ​တန်ဖိုးကို ရှင်းလင်းစွာ ဖော်ပြခြင်း

နားထောင်​နေ​သူတွေ လက်တွေ့ကျ​တန်ဖိုးကို နားလည်​သဘောပေါက်​ပြီး လက်တွေ့​ကျင့်သုံး​လာအောင် အကြောင်းအရာကို ဘယ်လို တင်ဆက်​နိုင်သလဲ။

သင်ခန်းစာ ၁၄

အဓိကအချက်တွေကို ပေါ်လွင်စေခြင်း

အဓိကအချက်တွေကို ပေါ်လွင်အောင် တင်ဆက်ခြင်းအားဖြင့် နားထောင်နေသူတွေ အာရုံစိုက်နားထောင်၊ နားလည်သဘောပေါက်ပြီး မှတ်မိသွားအောင် ကူညီပေးပါ။

သင်ခန်းစာ ၁၅

ယုံကြည်​စိတ်ချမှု​ရှိ​ရှိ ပြောဆိုခြင်း

ဟောပြောချက်​ပေးတဲ့​အခါ၊ အမှုဆောင်​လုပ်ငန်းမှာ ပါဝင်တဲ့​အခါ ယုံကြည်​စိတ်ချမှု​ရှိ​ရှိ ဘယ်လို ပြောဆို​နိုင်သလဲ။

သင်ခန်းစာ ၁၆

တည်ဆောက်​ပေးခြင်း၊ အပြုသဘော​ဆောင်ခြင်း

တခြားသူတွေ မျှော်လင့်ချက်​နဲ့ အားပေးမှု ရရှိ​စေဖို့ ဘယ်​အချက်​သုံးချက်​နဲ့​အညီ ပြောဆိုဖို့ လိုသလဲ။

သင်ခန်းစာ ၁၇

တခြားသူတွေကို နားလည်သဘောပေါက်စေခြင်း

ကိုယ်ပြောနေတဲ့ အကြောင်းအရာကို နားထောင်နေသူတွေ နားလည်သဘောပေါက်အောင် လုပ်ဆောင်ရာမှာ ဘယ်အချက်တွေ ရှောင်သင့်သလဲ။

သင်ခန်းစာ ၁၈

ပရိသတ်​အတွက် သိမှတ်ဖွယ်

နားထောင်​နေ​သူတွေ စဉ်းစား​လာအောင်၊ အကျိုး​ရှိတာ​တွေ သိလိုက်​ရတယ်​လို ခံစား​ရအောင် ဘယ်လို လှုံ့ဆော်ပေး​နိုင်​သလဲ။

သင်ခန်းစာ ၁၉

စိတ်နှလုံး​ကို ထိမိဖို့ ကြိုးစား​ခြင်း

နားထောင်​နေ​သူတွေ မွန်မြတ်တဲ့​အလုပ်တွေ လုပ်ချင်​လာအောင် ဘယ်လို ကူညီ​ပေး​နိုင်​သလဲ။

သင်ခန်းစာ ၂၀

ထိရောက်​တဲ့ နိဂုံး

အသင်းတော်မှာ​ဖြစ်စေ၊ အမှုဆောင်​လုပ်ငန်းမှာ​ဖြစ်စေ နိဂုံး​ချုပ်​တဲ့​အခါ ဘာတွေ ထည့်သွင်း​ဖော်ပြ​သင့်သလဲ။

ကြိုက်လို ကြိုက်ငြား အကြောင်းအရာများ

စာအုပ်စာစောင်များ

ဖတ်ရှုခြင်းနဲ့ သွန်သင်ခြင်းမှာ ကြိုးစားပါ

ဒီစာစောင်က လူထုရှေ့ဖတ်ရှုခြင်း၊ စကားပြောခြင်း၊ သွန်သင်ခြင်းစွမ်းရည်တွေ တိုးတက်စေဖို့ ကူညီပေးပါလိမ့်မယ်။