မှောင်မိုက်ထဲမှ ခေါ်ဆောင်လာ
“[ယေဟောဝါသည် သင်တို့ကို] မှောင်မိုက်မှ အံ့ဖွယ်အလင်းသို့ ခေါ်တော်မူ[၏။]” —၁ ပေ. ၂:၉။
၁။ ဂျေရုဆလင်မြို့ ဖျက်ဆီးခံရချိန်မှာ ဘာဖြစ်ခဲ့သလဲ။
ဘီစီ ၆၀၇ မှာ ဘုရင် နေဗုခဒ်နေဇာ ဦးဆောင်တဲ့စစ်တပ်က ဂျေရုဆလင်မြို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်။ အဲဒီအချိန်မှာဖြစ်ခဲ့တဲ့ သွေးချောင်းစီးမှုကို ကျမ်းစာမှာ ဒီလိုဖော်ပြထားတယ်– “[နေဗုခဒ်နေဇာ] သည် သန့်ရှင်းရာဌာန အိမ်တော်၌ လူပျိုတို့ကို ဓားနှင့် သတ်၏။ ယောက်ျားပျို၊ မိန်းမပျို၊ လူအို၊ အသက်ကြီး၍ ကျောကုန်းသောသူတို့ကိုပင် မသနား။ . . . ဗိမာန်တော်ကိုလည်း မီးရှို့၍ ယေရုရှလင်မြို့ရိုးကို ဖြိုဖျက်ကြ၏။ မင်းအိမ်ရှိသမျှတို့ကိုလည်း မီးရှို့၍ မြို့တန်ဆာ အကောင်းအမြတ် ရှိသမျှတို့ကို ဖျက်ဆီးကြ၏။”—၆ ရာ. ၃၆:၁၇၊ ၁၉။
၂။ ဂျေရုဆလင်မြို့ ဖျက်ဆီးခံရမယ့်အကြောင်း ယေဟောဝါ ဘယ်လို သတိပေးခဲ့သလဲ။ ဂျူးတွေ ဘာဖြစ်သွားမလဲ။
၂ ဂျေရုဆလင်မြို့ ဖျက်ဆီးခံရတာကို မြို့သူမြို့သားတွေ မအံ့သြသင့်ဘူး။ ဘုရားသခင့် ပညတ်တရားကို မလိုက်နာရင် ဗာဗုလုန်လက်ထဲ အပ်မယ်လို့ ဂျူးတွေကို ပရောဖက်တွေ နှစ်ပေါင်းများစွာ သတိပေးလာခဲ့ပြီ။ ဂျူးများစွာဟာ ဓားဘေးကြောင့် သေကြလိမ့်မယ်။ မသေတဲ့သူတွေက ဗာဗုလုန်မှာ သုံ့ပန်းအဖြစ် နေထိုင်ရလိမ့်မယ်။ (ယေ. ၁၅:၂) သုံ့ပန်းဘဝ ဘယ်လိုများ ရှိမလဲ။ ဗာဗုလုန်သုံ့ပန်းဘဝဟာ ခရစ်ယာန်ခေတ်နဲ့ ဘယ်လို ဆင်တူချက် ရှိသလဲ။ ရှိတယ်ဆိုရင် ဘယ်တုန်းကလဲ။
သုံ့ပန်းဘဝ
၃။ ဗာဗုလုန် သုံ့ပန်းဘဝဟာ အီဂျစ်ကျွန်ဘဝနဲ့ ဘယ်လို ကွာခြားသလဲ။
၃ ပရောဖက်တွေ ကြိုဟောတဲ့အတိုင်း ဖြစ်လာပြီ။ အခြေအနေသစ်ကို လက်ခံယေ. ၂၉:၅၊ ၇) ယေဟောဝါရဲ့ အလိုတော်အတိုင်း လိုက်နာတဲ့သူတွေက ဗာဗုလုန်မှာ သာမန်ဘဝနီးနီးနဲ့ နေထိုင်ခဲ့ကြတယ်။ ဗာဗုလုန်တွေက ဂျူးသုံ့ပန်းတွေကို အတိုင်းအတာတစ်ခုထိ စီမံပိုင်ခွင့် ပေးထားတယ်။ သုံ့ပန်းတွေဟာ တိုင်းပြည်မှာ လွတ်လွတ်လပ်လပ် သွားလာနိုင်တယ်။ ဗာဗုလုန်ဟာ ရှေးခေတ် ကမ္ဘာ့ ကူးသန်းရောင်းဝယ်ရေးနဲ့ ကုန်သွယ်ရေး ဗဟိုဖြစ်ခဲ့တယ်။ ရှာဖွေတွေ့ရှိတဲ့ အထောက်အထားတွေအရ ဂျူးတွေဟာ ရောင်းဝယ်ဖောက်ကားတတ်လာတယ်။ တချို့ဆိုရင် ကျွမ်းကျင်တဲ့ လက်မှုပညာသည်တွေ ဖြစ်လာတယ်။ တချို့လည်း ကြီးပွားချမ်းသာလာကြတယ်။ ဗာဗုလုန် သုံ့ပန်းဘဝဟာ လွန်ခဲ့တဲ့ ရာစုနှစ်များစွာတုန်းက အစ္စရေးတွေ ကြုံတွေ့ခဲ့ရတဲ့ အီဂျစ်ကျွန်ဘဝနဲ့ ကွာခြားလှပါတယ်။—ထွက်မြောက်ရာ ၂:၂၃–၂၅ ကိုဖတ်ပါ။
ပြီး အကောင်းဆုံး နေထိုင်သွားဖို့ ယေရမိကတစ်ဆင့် သုံ့ပန်းတွေကို ယေဟောဝါ အကြံပေးတယ်။ “[ဗာဗုလုန်တွင်] အိမ်တို့ကို ဆောက်၍ နေရာချကြလော့။ ငါသည် သင်တို့ကို သိမ်းသွားစေသောမြို့သည်လည်း ငြိမ်သက်ခြင်း ရှိမည်အကြောင်းကို ပြုစု၍ ထိုမြို့အဖို့အလိုငှာ ထာဝရဘုရားအား မေတ္တာပို့ကြလော့။ ထိုမြို့၏ ငြိမ်သက်ခြင်းအားဖြင့် သင်တို့သည်လည်း ငြိမ်သက်ခြင်း ရှိကြလိမ့်မည်” လို့ပြောတယ်။ (၄။ ပုန်ကန်တဲ့ အစ္စရေးတွေနဲ့အတူ ဘယ်သူတွေလည်း သုံ့ပန်းဘဝ ရောက်ခဲ့သလဲ။ ဘုရားသခင် နှစ်သက်တဲ့နည်းနဲ့ ဝတ်ပြုနိုင်ဖို့ ဘာကန့်သတ်ချက်တွေ ရှိခဲ့သလဲ။
၄ ဂျူးသုံ့ပန်းတွေရဲ့ ရုပ်ပိုင်းလိုအပ်ရာတွေ အဆင်ပြေပေမဲ့ ဝတ်ပြုရေးကော။ ယေဟောဝါရဲ့ ဗိမာန်တော်နဲ့ ပူဇော်ရာပလ္လင် ဖျက်ဆီးခံထားရတယ်။ ပုရောဟိတ်လုပ်ငန်းလည်း စနစ်တကျ မလုပ်ဆောင်နိုင်တော့ဘူး။ သုံ့ပန်းတွေထဲမှာ ပြစ်ဒဏ်ပေးခံရလောက်တဲ့အထိ အပြစ်မလုပ်ခဲ့တဲ့ ဘုရားသခင့် သစ္စာရှိကျေးကျွန်တွေလည်း ပါဝင်တယ်။ သူတို့လည်း လူမျိုးတစ်မျိုးလုံးနဲ့အတူ ဒုက္ခခံခဲ့ကြတယ်။ ဒါပေမဲ့ ဘုရားသခင့် ပညတ်ကို အတတ်နိုင်ဆုံး လိုက်နာခဲ့တယ်။ ဥပမာ၊ ဗာဗုလုန်မှာ ဒံယေလ၊ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ဟာ ဂျူးတွေအတွက် တားမြစ်ထားတဲ့ အစားအစာတွေကို ရှောင်ခဲ့ကြတယ်။ ဒံယေလဟာ ဘုရားသခင်ဆီ ပုံမှန် ဆုတောင်းဆက်သွယ်ခဲ့တယ်။ (ဒံ. ၁:၈။ ၆:၁၀) ဒါပေမဲ့ အယူမှားအုပ်ချုပ်မှုအောက်မှာ ပညတ်တရား တောင်းဆိုသမျှကို လုပ်ဆောင်ဖို့ မဖြစ်နိုင်ဘူး။
၅။ မိမိလူမျိုးကို ယေဟောဝါ ဘာကတိ ပေးခဲ့သလဲ။ အဲဒီကတိဟာ ဘာကြောင့် ထူးခြားသလဲ။
၅ အစ္စရေးတွေဟာ ဘုရားသခင်ကို အကြွင်းမဲ့ နှစ်သက်လက်ခံဖွယ်နည်းနဲ့ ပြန်ဝတ်ပြုနိုင်ကြပါ့မလား။ အဲဒီအချိန်တုန်းကတော့ မဖြစ်နိုင်ပုံပါပဲ။ ဗာဗုလုန်တွေဟာ သုံ့ပန်းတွေကို ဘယ်တုန်းကမှ ပြန်လွှတ်ပေးရိုး ထုံးစံမရှိဘူး။ ဒါပေမဲ့ အဲဒီထုံးစံဟာ ယေဟောဝါဘုရားအတွက်တော့ အရေးမပါဘူး။ မိမိလူမျိုး ပြန်လွတ်မြောက်မယ်လို့ ဘုရားသခင် ကတိပေးခဲ့တယ်။ ကတိအတိုင်းပဲ ဖြစ်ခဲ့တယ်။ ဘုရားသခင့် ကတိစကားတွေဟာ ဘယ်တော့မှ မပြည့်စုံဘဲ မနေဘူး။—ဟေရှာ. ၅၅:၁၁။
မျက်မှောက်ခေတ် ဆင်တူချက် ရှိသလား
၆၊ ၇။ မျက်မှောက်ခေတ် မဟာဗာဗုလုန် သုံ့ပန်းဘဝအကြောင်း နားလည်မှုကို ဘာကြောင့် ပြန်သုံးသပ်သင့်သလဲ။
၆ ဗာဗုလုန် သုံ့ပန်းဘဝနဲ့ ဆင်တူတဲ့အရာကို ခရစ်ယာန်တွေ ကြုံခဲ့ကြသလား။ ဘုရားသခင့် မျက်မှောက်ခေတ် ကျေးကျွန်တွေဟာ ၁၉၁၈ ခုနှစ်မှာ မဟာဗာဗုလုန် သုံ့ပန်းဘဝကို ကျရောက်ခဲ့ပြီး ၁၉၁၉ ခုနှစ်မှာ ပြန်လွတ်မြောက်လာတယ်လို့ ကင်းမျှော်စင်မှာ ဖော်ပြခဲ့တယ်။ ဒါပေမဲ့ ဒီဆောင်းပါးနဲ့ နောက်ဆောင်းပါးမှာ ဖော်ပြမယ့်အကြောင်းရင်းတွေကြောင့် ဒီအချက်ကို ပြန်သုံးသပ်ဖို့ လိုအပ်လာတယ်။
၇ သုံးသပ်ကြည့်ပါ။ မဟာဗာဗုလုန်ဆိုတာ မှားယွင်းတဲ့ ကမ္ဘာ့ဘာသာရေး အင်ပါယာ ဖြစ်တယ်။ ဘုရားသခင့်လူမျိုးဟာ ၁၉၁၈ ခုနှစ်မှာ မဟာဗာဗုလုန် သုံ့ပန်းဘဝ ကျရောက်ခဲ့တာ မဟုတ်ဘူး။ တကယ်တော့ ပထမကမ္ဘာစစ် မတိုင်ခင် ဆယ်စုနှစ်တွေကတည်းက ဘုရားသခင့် ဘိသိက်ခံကျေးကျွန်တွေဟာ မဟာဗာဗုလုန် လက်အောက်ကနေ လွတ်မြောက်နေပြီဆိုတာ အထောက်အထားတွေက ဖော်ပြတယ်။ ပထမကမ္ဘာစစ်အတွင်း ဘိသိက်ခံတွေ နှိပ်စက်ခံ
ခဲ့ရတာ မှန်ပေမဲ့ အဓိကအားဖြင့် မဟာဗာဗုလုန်ကြောင့် မဟုတ်ဘဲ အစိုးရအာဏာပိုင်တွေကြောင့် ဖြစ်တယ်။ ဒါကြောင့် ယေဟောဝါရဲ့ လူမျိုးဟာ ၁၉၁၈ ခုနှစ်မှာ မဟာဗာဗုလုန် သုံ့ပန်းဘဝ ကျရောက်ခဲ့ပုံ မရပါဘူး။ဘယ်အချိန်မှာ မဟာဗာဗုလုန် သုံ့ပန်းဘဝ ကျရောက်ခဲ့သလဲ
၈။ စစ်မှန်တဲ့ ခရစ်ယာန်ဘာသာ ပျက်စီးယိုယွင်းလာပုံကို ရှင်းပြပါ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကို ကြည့်ပါ။)
၈ အေဒီ ၃၃၊ ပင်တေကုတ္တေပွဲနေ့မှာ ဂျူးနဲ့ ဘာသာပြောင်းဝင်လာသူ ထောင်ပေါင်းများစွာဟာ သန့်ရှင်းသော စွမ်းအားတော်အားဖြင့် ဘိသိက်ပေးခံခဲ့ရတယ်။ ဒီခရစ်ယာန်သစ်တွေဟာ “ရွေးချယ်ခံရသောအမျိုး၊ တော်ဝင် ယဇ်ပုရောဟိတ်အဖွဲ့၊ သန့်ရှင်းသောလူမျိုး၊ အထူးပိုင်ဆိုင်ရာ လူစု” ဖြစ်လာတယ်။ (၁ ပေတရု ၂:၉၊ ၁၀ ကိုဖတ်ပါ။) တမန်တော်တွေ အသက်ရှင်နေသရွေ့ ဘုရားသခင့်လူမျိုးရဲ့ အသင်းတော်တွေကို ဂရုတစိုက် ကြည့်ရှုပေးခဲ့ကြတယ်။ ဒါပေမဲ့ တမန်တော်တွေ သေဆုံးပြီးတဲ့နောက် “တပည့်တော်တို့ကို မိမိတို့နောက် ဆွဲဆောင်ရန် မှားယွင်းသော သွန်သင်ချက်များကို ဟောပြော” သူတွေ ပေါ်လာတယ်။ (တ. ၂၀:၃၀။ ၂ သက်. ၂:၆-၈) အဲဒီလူများစွာဟာ အသင်းတော်မှာ ကြီးကြပ်မှူးတွေအဖြစ် ထမ်းဆောင်နေတဲ့ တာဝန်ရှိသူတွေ ဖြစ်တယ်။ ဒီလိုနဲ့ “သင်တို့အပေါင်းသည် ညီအစ်ကိုများ ဖြစ်ကြ၏” လို့ နောက်လိုက်တွေကို ယေရှု ပြောခဲ့ပေမဲ့ ဓမ္မဆရာအတန်းအစား စတင် ပေါ်ပေါက်လာတယ်။ (မ. ၂၃:၈) အဲဒီအထင်ကရ ပုဂ္ဂိုလ်တွေဟာ အရစ္စတိုတယ်နဲ့ ပလေတိုရဲ့ အတွေးအခေါ်တွေကို နှစ်သက်ပြီး ကျမ်းစာရဲ့ မှန်ကန်တဲ့ သွန်သင်ချက်တွေအစား မှားယွင်းတဲ့ ဘာသာရေး အယူအဆတွေကို သွန်သင်လာကြတယ်။
၉။ အယူဖောက်ပြန်တဲ့ ခရစ်ယာန်ဘာသာက ရောမနိုင်ငံရဲ့ ထောက်ခံမှု ရရှိခဲ့ပုံနဲ့ ရလဒ်ကို ဖော်ပြပါ။
၉ အေဒီ ၃၁၃ မှာ အယူဖောက်ပြန်နေတဲ့ ခရစ်ယာန်ဘာသာကို အယူမှား ရောမဧကရာဇ် ကွန်စတင်တိုင်းက တရားဝင် အသိအမှတ် ပြုပေးခဲ့တယ်။ အဲဒီအချိန်ကစပြီး ချာ့ခ်ျနဲ့ နိုင်ငံရေး စတင်လက်တွဲလာခဲ့တယ်။ ဥပမာ၊ နိုင်စီယာညီလာခံအပြီးမှာ ညီလာခံ တက်ရောက်ခဲ့တဲ့ ကွန်စတင်တိုင်းက သဘောထား ကွဲလွဲတဲ့ ခရစ်ယာန်ဘုန်းကြီး အာရိယပ်စ်ကို ပြည်နှင်ဒဏ် ပေးခဲ့တယ်။ အာရိယပ်စ်က ယေရှုကို ဘုရားသခင်အဖြစ် လက်မခံလို့ပဲ။ နောက်ပိုင်း ဖောက်ပြန်ယိုယွင်းနေတဲ့ ခရစ်ယာန်ဘာသာအဖြစ် လူသိများလာတဲ့ ကက်သလစ်ချာ့ခ်ျဟာ ပထမမြောက် ဧကရာဇ် သီအိုဒိုးစီးယပ်စ် (အေဒီ ၃၇၉-၃၉၅) လက်အောက်မှာ ရောမအင်ပါယာရဲ့ တရားဝင်ဘာသာ ဖြစ်လာတယ်။ လေးရာစုမှာ အယူမှား ရောမဟာ “ခရစ်ယာန်” ဖြစ်လာတယ်လို့ သမိုင်းပညာရှင်တွေ ပြောကြတယ်။ အမှန်မှာတော့ အဲဒီအချိန်မှာ ဖောက်ပြန်တဲ့ ခရစ်ယာန်ဘာသာဟာ မဟာဗာဗုလုန်ရဲ့ အစိတ်အပိုင်းအဖြစ် ရောမအင်ပါယာရဲ့ အယူမှား ဘာသာရေး အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းခဲ့တယ်။ ဂျုံစပါးနဲ့တူတဲ့ ဘိသိက်ခံ ခရစ်ယာန်အနည်းငယ်ဟာ ဘုရားသခင်ကို အတတ်နိုင်ဆုံး ဝတ်ပြုခဲ့ကြတာတောင်မှ သူတို့ရဲ့ စကားကို ဘယ်သူမှ လက်မခံကြဘူး။ (မဿဲ ၁၃:၂၄၊ ၂၅၊ ၃၇–၃၉ ကိုဖတ်ပါ။) တကယ့် မဟာဗာဗုလုန် သုံ့ပန်းဘဝပါပဲ။
၁၀။ အေဒီ အစောပိုင်း ရာစုတွေမှာ ချာ့ခ်ျအယူဝါဒတွေကို စိတ်ရိုးဖြောင့်သူတွေ ဘာကြောင့် မေးခွန်းထုတ်ခဲ့ကြသလဲ။
၁၀ အေဒီ အစောပိုင်း ရာစုတွေမှာ လူများစွာဟာ ကျမ်းစာကို ဂရိစကားနဲ့ဖြစ်စေ၊ လက်တင်စကားနဲ့ဖြစ်စေ ဖတ်ရှုနိုင်ခဲ့ကြတယ်။ ဒါကြောင့် ကျမ်းစာ သွန်သင်ချက်တွေကို ချာ့ခ်ျအယူဝါဒတွေနဲ့ နှိုင်းယှဉ်နိုင်ခဲ့ကြတယ်။ ကျမ်းစာမှာ ဖတ်ရှုရတဲ့အရာတွေကြောင့် တချို့ဟာ ကျမ်းစာနဲ့ မကိုက်ညီတဲ့ ချာ့ခ်ျအယူဝါဒတွေကို ငြင်းပယ်ခဲ့ကြတယ်။ ဒါပေမဲ့ အဲဒီသဘောထားတွေကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ရင် သေဒဏ်သင့်တဲ့အထိ အန္တရာယ်ကြီးတယ်။
၁၁။ ကျမ်းစာဟာ ဘုန်းတော်ကြီးတွေရဲ့ ထိန်းချုပ်မှုအောက် ဘယ်လို ရောက်ရှိခဲ့သလဲ။
၁၁ အချိန်ကုန်လွန်လာတာနဲ့အမျှ ဂရိနဲ့ လက်တင်စကားတွေကို လူသုံးနည်းလာတယ်။ ချာ့ခ်ျက ကျမ်းစာကို အများသုံးစကားနဲ့ ဘာသာပြန်ခွင့် မပြုခဲ့ဘူး။
ဒါကြောင့် ဘုန်းတော်ကြီးတွေနဲ့ ပညာတတ်တချို့ပဲ ကိုယ်ပိုင်ကျမ်းစာ ဖတ်ရှုနိုင်ကြတယ်။ ဒါတောင် ဘုန်းကြီးအားလုံး ကောင်းကောင်း မဖတ်တတ်၊ မရေးတတ်ကြဘူး။ ချာ့ခ်ျအယူဝါဒနဲ့ သဘောထားကွဲလွဲသူ မှန်သမျှကို ပြင်းပြင်းထန်ထန် ပြစ်ဒဏ်ပေးတယ်။ ဘုရားသခင့် သစ္စာရှိ ဘိသိက်ခံတွေဟာ အတတ်နိုင်ဆုံး သိုသိုသိပ်သိပ် စုဝေးကြတယ်။ အစောပိုင်းတုန်းက ဗာဗုလုန် သုံ့ပန်းဘဝ ရောက်ခဲ့တဲ့ ဂျူးတွေလိုပဲ “တော်ဝင် ယဇ်ပုရောဟိတ်အဖွဲ့” ဘိသိက်ခံတွေလည်း စနစ်တကျ ဝတ်မပြုနိုင်ဘူး။ မဟာဗာဗုလုန်က လူတွေကို ချုပ်ကိုင်ထားတယ်။အလင်း စတင်ထွန်းလင်းလာ
၁၂၊ ၁၃။ ဘယ်အကြောင်းရင်းနှစ်ချက်ကြောင့် မဟာဗာဗုလုန် သုံ့ပန်းဘဝကနေ လွတ်မြောက်ဖို့ အလားအလာ ရှိလာသလဲ။ ရှင်းပြပါ။
၁၂ ခရစ်ယာန်စစ်တွေဟာ ဘုရားသခင်ကို နှစ်သက်လက်ခံဖွယ်နည်းနဲ့ လွတ်လွတ်လပ်လပ် ဝတ်ပြုနိုင်ကြပါဦးမလား။ ဝတ်ပြုနိုင်ခဲ့ကြပါတယ်။ အရေးကြီးတဲ့ အချက်နှစ်ချက်ကြောင့် မှောင်မိုက်မှာ အလင်း စတင်ထွန်းလင်းလာတယ်။ ပထမတစ်ချက်က ၁၄၅၀ ပြည့်နှစ်လောက်မှာ ရွေ့လျားခဲစာလုံး ပုံနှိပ်စက် တီထွင်နိုင်ခဲ့လို့ပဲ။ အနောက်နိုင်ငံမှာ ပုံနှိပ်စက် မပေါ်ခင်တုန်းက ကျမ်းစာကို လက်နဲ့ ပင်ပင်ပန်းပန်း ကူးရေးကြရတယ်။ ကျမ်းစာအုပ်တွေ ရှားပါးပြီး စျေးကြီးတယ်။ ကျွမ်းကျင်တဲ့ကျမ်းကူးတစ်ယောက်အတွက် ကျမ်းစာတစ်အုပ်လုံးကို ကူးရေးဖို့ ဆယ်လလောက် ကြာတယ်။ အဲဒီအပြင် ကျမ်းကူးတွေ သုံးတဲ့ စာရေးကိရိယာတွေ (အကောင်းစားစက္ကူ ဒါမှမဟုတ် သားရေချပ်) လည်း စျေးကြီးတယ်။ ဒါပေမဲ့ ပိုအသုံးတည့်တဲ့ စက္ကူသုံး ပုံနှိပ်စက်က တစ်ရက်ကို စာမျက်နှာ ၁,၃၀၀ ပုံနှိပ်နိုင်တယ်။
ပုံနှိပ်စက် တီထွင်နိုင်ခဲ့ခြင်းနဲ့ သတ္တိရှိတဲ့ ကျမ်းစာဘာသာပြန်သူတွေကြောင့် မဟာဗာဗုလုန်ကနေ လွတ်မြောက်ဖို့ အလားအလာရှိလာ (အပိုဒ် ၁၂၊ ၁၃ ကိုကြည့်ပါ)
၁၃ ဒုတိယအချက်ကတော့ ၁၆ ရာစုအစပိုင်းမှာ ကျမ်းစာကို အများသုံးဘာသာစကားနဲ့ ဘာသာပြန်ဖို့ ဆုံးဖြတ်ခဲ့တဲ့ သတ္တိရှိသူအနည်းငယ်ရဲ့ ဆုံးဖြတ်ချက်ပါပဲ။ ဘာသာပြန်သူများစွာဟာ အသက်ကို စတေးပြီး ဘာသာပြန်ခဲ့ကြတယ်။ ချာ့ခ်ျ ထိတ်လန့်တုန်လှုပ်သွားတယ်။ ဘုရားကို ကြောက်ရွံ့တဲ့ အမျိုးသား/သမီးတွေ လက်ဝယ်ပိုင်ဆိုင်ထားတဲ့ ကျမ်းစာဟာ အန္တရာယ်
ရှိတဲ့ လက်နက် ဖြစ်လာနိုင်တာမို့ ချာ့ခ်ျခေါင်းဆောင်တွေ ကြောက်လာကြတယ်။ ကျမ်းစာ ရရှိလာနိုင်တဲ့အတွက် လူတွေ ဖတ်ရှုလာနိုင်တယ်။ ဖတ်ရင်းနဲ့ ကျမ်းစာမှာ ငရဲကလေးအကြောင်း၊ လူသေတွေအတွက် မစ္ဆားပွဲကျင်းပတဲ့အကြောင်း၊ ပုပ်ရဟန်းမင်းနဲ့ ဘုန်းတော်ကြီးအကြောင်း ဘယ်မှာ ပါလို့လဲဆိုပြီး မေးခွန်း ထုတ်လာကြတယ်။ ချာ့ခ်ျခေါင်းဆောင်တွေကို မေးခွန်းထုတ်ရဲလိုက်ကြတာဆိုပြီး ချာ့ခ်ျက ယမ်းပုံမီးကျပါလေရော။ ဒါကြောင့် တန်ပြန်တိုက်ခိုက်ခဲ့တယ်။ ချာ့ခ်ျသွန်သင်ချက်တွေကို ငြင်းပယ်တဲ့ အမျိုးသား/သမီးတွေကို တိတ္ထိတွေအဖြစ် သတ်မှတ်ခဲ့တယ်။ သွန်သင်ချက်တချို့ဟာ ယေရှုခရစ် မမွေးခင်မှာ အသက်ရှင်ခဲ့တဲ့ အရစ္စတိုတယ်နဲ့ ပလေတိုရဲ့ အယူမှား အတွေးအခေါ်အပေါ် အခြေခံထားတယ်။ ချာ့ခ်ျသွန်သင်ချက် ငြင်းပယ်သူတွေကို သေဒဏ်ချမှတ်ပြီး နိုင်ငံတော်က အရေးယူဆောင်ရွက်တယ်။ ရည်ရွယ်ချက်က လူတွေ ကျမ်းစာ မဖတ်အောင်၊ ချာ့ခ်ျကို မေးခွန်း မထုတ်အောင် ဖြစ်တယ်။ အကြံအစည်အများစု အောင်မြင်ခဲ့တယ်။ ဒါပေမဲ့ သတ္တိရှိတဲ့ လူနည်းစုကတော့ မဟာဗာဗုလုန်ကြောင့် နောက်တွန့်မသွားကြဘူး။ ဘုရားသခင့် စကားတော် ကျမ်းစာကို မြည်းစမ်းခဲ့ပြီမို့ ထပ်သိချင်နေကြတယ်။ မှားယွင်းတဲ့ ဘာသာရေးကနေ လွတ်မြောက်တော့မယ့် အလားအလာပါပဲ။၁၄။ (က) ၁၈၀၀ ပြည့်လွန်နှစ်တွေမှာ ကျမ်းစာအမှန်တရားကို ပိုနားလည်လာနိုင်ဖို့ ဘယ်အခြေအနေတွေ ပေါ်လာသလဲ။ (ခ) ညီအစ်ကို ရပ်စယ်လ်ရဲ့ အမှန်တရား ရှာပုံတော်ကို ဖော်ပြပါ။
၁၄ ကျမ်းစာအမှန်တရား ဆာငတ်သူများစွာဟာ ချာ့ခ်ျသြဇာ သက်ရောက်မှုနည်းတဲ့ နိုင်ငံတွေဆီ ထွက်ပြေးခဲ့ကြတယ်။ ကျမ်းစာကို ဖတ်ရှုလေ့လာပြီး လွတ်လွတ်လပ်လပ် တွေးခေါ်ဆွေးနွေးချင်ကြတယ်။ အဲဒီလိုနိုင်ငံတစ်ခုဖြစ်တဲ့ အမေရိကန်မှာ စီတီရပ်စယ်လ်နဲ့ အပေါင်းပါတွေဟာ ၁၈၀၀ ပြည့်လွန်နှစ်တွေကစပြီး ကျမ်းစာကို စနစ်တကျ လေ့လာခဲ့ကြတယ်။ အစပိုင်းမှာတော့ ညီအစ်ကို ရပ်စယ်လ်ရဲ့ ရည်ရွယ်ချက်က အမှန်တရား သွန်သင်ပေးတဲ့ ဘာသာရေးတွေကို အသေအချာ သိဖို့ပါပဲ။ ခရစ်ယာန် မဟုတ်တဲ့ ဘာသာတွေ အပါအဝင် ဘာသာများစွာရဲ့ သွန်သင်ချက်တွေနဲ့ ကျမ်းစာသွန်သင်ချက်တွေကို အသေအချာ နှိုင်းယှဉ်ကြည့်ခဲ့တယ်။ အဲဒီဘာသာတစ်ခုမှ ကျမ်းစာအတိုင်း အပြည့်အဝ မလိုက်နာကြမှန်း မကြာခင်မှာပဲ သဘောပေါက်လာတယ်။ တစ်ရက်မှာ ရပ်စယ်လ်က အပေါင်းပါတွေနဲ့အတူ တွေ့ရှိထားတဲ့ ကျမ်းစာအမှန်တရားတွေကို လက်ခံပြီး ကိုယ့်အသင်းတော်မှာ ပြန်သွန်သင်ပေးမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ဘုန်းတော်ကြီးတချို့ကို တွေ့ဆုံခဲ့တယ်။ ဒါပေမဲ့ ဘုန်းကြီးတွေ စိတ်မဝင်စားကြဘူး။ မှားယွင်းတဲ့ဘာသာကို ဖက်တွယ်ထားချင်တဲ့သူတွေနဲ့ ပေါင်းဖို့ မဖြစ်နိုင်ဘူးဆိုတဲ့အချက်ကို ကျမ်းစာကျောင်းသားတွေ လက်ခံရတော့မယ်။—၂ ကောရိန္သု ၆:၁၄ ကိုဖတ်ပါ။
၁၅။ (က) ခရစ်ယာန်တွေဟာ ဘယ်အချိန်မှာ မဟာဗာဗုလုန် သုံ့ပန်းဘဝ ကျရောက်ခဲ့သလဲ။ (ခ) နောက်ဆောင်းပါးမှာ ဘယ်မေးခွန်းတွေ ဆွေးနွေးကြမလဲ။
၁၅ အခုထိ ဆွေးနွေးခဲ့တဲ့ အချက်တွေအရ နောက်ဆုံးတမန်တော် သေဆုံးပြီးတဲ့နောက် မကြာခင်မှာပဲ ခရစ်ယာန်စစ်တွေဟာ မဟာဗာဗုလုန် သုံ့ပန်းဘဝ ကျရောက်ခဲ့မှန်း သိရှိခဲ့ရတယ်။ ဒါပေမဲ့ မေးခွန်းတချို့ ပေါ်လာတယ်။ ၁၉၁၄ ခုနစ်မတိုင်ခင် ဆယ်စုနှစ်တွေအတွင်း ဘိသိက်ခံတွေဟာ မဟာဗာဗုလုန် သုံ့ပန်းဘဝမှာ မရှိတော့ဘဲ လွတ်မြောက်လာပြီဆိုတာ ဘယ်ထပ်ဆင့် အထောက်အထားတွေက ဖော်ပြသလဲ။ ပထမကမ္ဘာစစ်အတွင်း ဟောပြောခြင်းလုပ်ငန်း အရှိန်လျော့သွားတဲ့အတွက် မိမိကျေးကျွန်တွေကို ယေဟောဝါ စိတ်ပျက်ခဲ့ပါသလား။ အဲဒီအချိန်အတွင်း ညီအစ်ကိုတချို့ ခရစ်ယာန် ကြားနေမှုကို အလျှော့ပေးခဲ့လို့ ဘုရားသခင့် မျက်နှာသာ ဆုံးၡုံးသွားသလား။ ခရစ်ယာန်တွေဟာ တမန်တော်တွေ သေဆုံးပြီးတဲ့နောက်မှာ မှားယွင်းတဲ့ ဘာသာရေးရဲ့ ချုပ်နှောင်မှုအောက် ကျရောက်ခဲ့တယ်ဆိုရင် ဘယ်အချိန်မှာ ပြန်လွတ်လာသလဲ။ သိပ်ကောင်းတဲ့ မေးခွန်းတွေပါပဲ။ ဒီမေးခွန်းတွေကို နောက်ဆောင်းပါးမှာ ဆွေးနွေးပါမယ်။