ယေဟောဝါရဲ့ သစ္စာရှိကျေးကျွန်တွေဆီကနေ သင်ယူပါ
“သစ္စာတရားကို စောင့်ရှောက်သောသူတို့မူကား နှစ်သက်တော်မူဖွယ်ဖြစ်ကြ၏။”—သု. ၁၂:၂၂။
၁၊ ၂။ ဘုရားသခင်အပေါ် သစ္စာစောင့်သိမှုကို ဒါဝိဒ် ဘယ်လိုတင်ပြသလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။)
ရှောလုနဲ့ စစ်သား ၃,၀၀၀ ဟာ ယုဒတောကန္တာရမှာ ဒါဝိဒ်ကို တောနင်းရှာနေတယ်။ တစ်ညမှာ ရှောလုနဲ့စစ်သားတွေ တပ်ချတဲ့စခန်းနား ဒါဝိဒ်နဲ့ သူ့လူတွေ ရောက်လာတယ်။ သူတို့အားလုံး အိပ်မောကျနေတယ်။ ဒါဝိဒ်နဲ့ အဘိရှဲက အိပ်မောကျနေတဲ့ စစ်သားတွေကြား သတိနဲ့ဖြတ်လျှောက်လာပြီးနောက် ရှောလုကို တွေ့သွားတယ်။ အဘိရှဲက “မြေတိုင်အောင် လှံနှင့်တစ်ချက်တည်းထိုးပါရစေဟု ကျွန်တော်တောင်းပန်ပါ၏။ နှစ်ချက်တိုင်အောင် မထိုးပါ” လို့ ဒါဝိဒ်ကို တိုးတိုးပြောတယ်။ ဒါဝိဒ် ခွင့်မပြုဘူး။ ‘သူ့ကိုမပြုနှင့်။ ယေဟောဝါအခွင့်နှင့် ဘိသိက်ခံသောသူကို အဘယ်သူအပြစ်လွှတ်လျက် ထိခိုက်နိုင်သနည်း’ လို့ အဘိရှဲကို ပြောတယ်။ ‘ယေဟောဝါပေးတော်မူသော ဘိသိက်ခံသူကို ငါမထိခိုက်မည်အကြောင်း ယေဟောဝါ ဆီးတားတော်မူပါစေ’ လို့ ဒါဝိဒ်ပြောတယ်။—၁ ရာ. ၂၆:၈-၁၂။
၂ ဘုရားသခင်ကို သစ္စာစောင့်သိခြင်းမှာ ဘယ်အရာပါဝင်မှန်း ဒါဝိဒ်သိတယ်။ သုတ္တံ ၁၂:၂၂ ကိုဖတ်ပါ။
ရှောလုကို ထိခိုက်အောင်လုပ်ဖို့ ဒါဝိဒ် မရည်ရွယ်ဘူး။ အကြောင်းကတော့ ရှောလုဟာ အစ္စရေးတွေကို အုပ်ချုပ်ဖို့ ယေဟောဝါ ခန့်အပ်ထားသူဖြစ်လို့ပဲ။ မှန်ပါတယ်။ အတိတ်တုန်းကရော ဒီနေ့ခေတ်မှာပါ ယေဟောဝါက မိမိကို သစ္စာစောင့်သိဖို့၊ မိမိအခွင့်အာဏာပေးထားသူတွေကို ရိုသေလေးစားဖို့ ကျေးကျွန်အားလုံးဆီကနေ တောင်းဆိုထားတယ်။—၃။ ဒါဝိဒ်အပေါ် အဘိရှဲ ဘယ်လို သစ္စာစောင့်သိခဲ့သလဲ။
၃ နောက်တက်မယ့်ဘုရင်အဖြစ် ဒါဝိဒ်ကို ဘုရားရွေးချယ်ထားမှန်း အဘိရှဲ သိတယ်။ ဒါကြောင့် ဒါဝိဒ်ကို သူ လေးစားတယ်။ ဒါပေမဲ့ ဒါဝိဒ်ဟာ ဘုရင်ဖြစ်ပြီးနောက် ကြီးလေးတဲ့အပြစ်တွေ ကျူးလွန်ခဲ့တယ်။ ဥရိယရဲ့ မိန်းမနဲ့ ဖောက်ပြန်ပြီးနောက် ဥရိယ စစ်ပွဲမှာသေအောင် စီစဉ်ဖို့ ယွာဘကို မှာတယ်။ (၂ ရာ. ၁၁:၂-၄၊ ၁၄၊ ၁၅; ၅ ရာ. ၂:၁၆) ယွာဘက အဘိရှဲရဲ့ ညီဆိုတော့ ဒါဝိဒ်လုပ်တာမှန်သမျှကို အဘိရှဲ ပြန်ကြားမှာပဲ။ ဒါပေမဲ့ ဒါဝိဒ်ကို အဘိရှဲ ဆက်လေးစားမှုပြခဲ့တယ်။ အဲဒီအပြင် စစ်ဗိုလ်ချုပ်တစ်ယောက်အနေနဲ့ ကိုယ့်အခွင့်အာဏာကို သုံးပြီး အာဏာလုဖို့ လုံးဝ မကြိုးစားဘူး။ အဲဒီအစား သစ္စာဖောက်တွေ၊ ရန်သူတွေလက်ကနေ ဒါဝိဒ်ကို ကာကွယ်ပေးခဲ့တယ်။—၂ ရာ. ၁၀:၁၀; ၂၀:၆; ၂၁:၁၅-၁၇။
၄။ (က) ဒါဝိဒ်ဟာ ဘုရားသခင်အပေါ် သစ္စာစောင့်သိရာမှာ ဘာကြောင့် ပုံနမူနာကောင်းဖြစ်သလဲ။ (ခ) တခြားဘယ်ပုံနမူနာတွေကို လေ့လာသွားမလဲ။
၄ ဘုရင်ရှောလုကို သတ်ဖို့ ဒါဝိဒ် ငြင်းဆိုတာကိုကြည့်ရင် ဒါဝိဒ်ဟာ ယေဟောဝါအပေါ် သစ္စာစောင့်သိတဲ့ကျေးကျွန်ဖြစ်မှန်း သိနိုင်တယ်။ လူငယ်ဘဝတုန်းက ဒါဝိဒ်ဟာ “အသက်ရှင်တော်မူသော ဘုရားသခင်၏ ဗိုလ်ခြေတို့ကိုကြိမ်းပ” တဲ့ ဖိလိတ္တိလူထွားကြီးဂေါလျတ်ကို သတ်ပစ်ခဲ့တယ်။ (၁ ရာ. ၁၇:၂၃၊ ၂၆၊ ၄၈-၅၁) ဘုရင်ဖြစ်လာပြီးနောက် အပြစ်တွေ ကျူးလွန်တဲ့အတွက် ယေဟောဝါရဲ့ပရောဖက်နာသန် ဆုံးမချိန်မှာလည်း အပြစ်ကို ချက်ချင်း ဝန်ခံပြီး နောင်တရခဲ့တယ်။ (၂ ရာ. ၁၂:၁-၅၊ ၁၃) နောက်ပိုင်း၊ အသက်ကြီးလာချိန်မှာလည်း ယေဟောဝါရဲ့ဗိမာန်တော် ဆောက်လုပ်ဖို့ ရက်ရက်ရောရော လှူဒါန်းခဲ့တယ်။ (၅ ရာ. ၂၉:၁-၅) ဘဝမှာ အပြစ်ကြီးတွေ ကျူးလွန်ခဲ့ပေမဲ့ ဘုရားသခင်ကို ဒါဝိဒ် ဆက်သစ္စာစောင့်သိခဲ့တာ ထင်ရှားတယ်။ (ဆာ. ၅၁:၄၊ ၁၀; ၈၆:၂) ဒါဝိဒ်နဲ့ သူ့တစ်ခေတ်တည်းသားတွေရဲ့ မှတ်တမ်းတွေကို ဒီဆောင်းပါးမှာ လေ့လာသွားပါမယ်။ ဘယ်သူ့ထက်မဆို ယေဟောဝါကို ဘယ်လို ပိုသစ္စာစောင့်သိနိုင်တယ်ဆိုတာ သင်ယူကြပါမယ်။ သစ္စာစောင့်သိနိုင်ဖို့ ကူညီပေးတဲ့ တခြားအရည်အသွေးတွေကိုလည်း ဆွေးနွေးသွားပါမယ်။
ယေဟောဝါအပေါ် သင် သစ္စာစောင့်သိမလား
၅။ အဘိရှဲရဲ့ အမှားကနေ ဘာသင်ယူရသလဲ။
၅ အဘိရှဲဟာ သစ္စာစောင့်သိမှုကို သူ့နေရာနဲ့သူ မထားတတ်ဘူး။ ဒါဝိဒ်အပေါ် သစ္စာစောင့်သိလို့ ရှောလုကို သတ်ဖို့ ကြိုးစားတယ်။ ဒါပေမဲ့ ‘ယေဟောဝါအခွင့်နှင့် ဘိသိက်ခံသောသူကို’ ထိခိုက်အောင်လုပ်တာ မှားမှန်း ဒါဝိဒ်သိတဲ့အတွက် သူ့ကို တားဆီးလိုက်တယ်။ (၁ ရာ. ၂၆:၈-၁၁) ဒီကနေ ကျွန်တော်တို့ အရေးကြီးသင်ခန်းစာတစ်ခု သင်ယူနိုင်တယ်– ဘယ်သူ့ကို ပိုသစ္စာစောင့်သိရမယ်ဆိုတာ ဆုံးဖြတ်ရတော့မယ်ဆိုရင် ကိုယ်လိုက်နာကျင့်သုံးနိုင်မယ့် ကျမ်းစာမူတွေကို ထည့်စဉ်းစားသင့်တယ်။
ဘယ်သူ့ထက်မဆို ယေဟောဝါကို နံပါတ်တစ် သစ္စာစောင့်သိဖို့ ပိုအရေးကြီးတယ်
၆။ မိသားစုနဲ့ မိတ်ဆွေတွေကို သစ္စာစောင့်သိချင်တာ သဘာဝဆိုပေမဲ့ ဘယ်အချက်ကို သတိပြုရမလဲ။
၆ မိသားစု၊ မိတ်ဆွေစတဲ့ ကိုယ်ချစ်မြတ်နိုးသူတစ်ယောက်ယောက်ကို သစ္စာစောင့်သိချင်တာ ယေ. ၁၇:၉) ဒါကြောင့် ကိုယ်ချစ်မြတ်နိုးသူတစ်ယောက်ယောက် အမှားလုပ်နေပြီး အမှန်တရားကို ကျောခိုင်းသွားတဲ့အခါ ဘယ်သူ့ထက်မဆို ယေဟောဝါကို နံပါတ်တစ် သစ္စာစောင့်သိရမယ်ဆိုတာ အမှတ်ရ,ရမယ်။—မဿဲ ၂၂:၃၇ ကိုဖတ်ပါ။
သဘာဝပါပဲ။ ဒါပေမဲ့ သစ္စာစောင့်သိမှုဆိုတာ နှလုံးသားထဲက ထွက်ပေါ်လာတဲ့အရာ ဖြစ်တယ်။ မစုံလင်တဲ့လူ့စိတ်နှလုံးဟာ စဉ်းလဲတယ်။ (၇။ ခက်ခဲတဲ့အခြေအနေမှာ ညီအစ်မတစ်ယောက် ဘုရားသခင်ကို ဘယ်လို သစ္စာစောင့်သိခဲ့သလဲ။
၇ မိသားစုဝင်တစ်ယောက်ယောက် နှင်ထုတ်ခံရတဲ့အခါ ယေဟောဝါကို သစ္စာစောင့်သိကြောင်း သင် တင်ပြနိုင်ပါတယ်။ ဥပမာ၊ နှင်ထုတ်ခံထားရတဲ့ အမေက တစ်နေ့မှာ ညီအစ်မအဲနီဆီ ဖုန်းဆက်ပြီး လာလည်ချင်တဲ့အကြောင်း ပြောတယ်။ [၁] မိသားစုဝင်တွေ သူ့ကို စကားမပြောလို့ တအားစိတ်ညစ်နေတယ်လို့ ပြောတယ်။ အဲနီ တော်တော်စိတ်မကောင်းဖြစ်သွားပြီး စာပြန်ပါ့မယ်လို့ ကတိပေးလိုက်တယ်။ စာမပြန်ခင် ကျမ်းစာမူတချို့ကို အဲနီ ပြန်စဉ်းစားတယ်။ (၁ ကော. ၅:၁၁; ၂ ယော. ၉-၁၁) တကယ်တော့ အပြစ်လုပ်ပြီး နောင်တမယူဘဲ မိသားစုကို ကျောခိုင်းသွားသူဟာ အမေဖြစ်ကြောင်း စာထဲမှာ ကြင်ကြင်နာနာ ရှင်းပြတယ်။ ပြန်ပျော်ရွှင်နိုင်မယ့် တစ်ခုတည်းသောနည်းလမ်းကတော့ ယေဟောဝါဆီ ပြန်လာတာပဲလို့လည်း ပြောလိုက်တယ်။—ယာ. ၄:၈။
၈။ ဘုရားသခင်ကို သစ္စာစောင့်သိနိုင်ဖို့ ဘယ်အရည်အသွေးတွေက ကူညီပေးမလဲ။
၈ ဒါဝိဒ်ခေတ်က သစ္စာရှိကျေးကျွန်တချို့ဟာ နှိမ့်ချ၊ ကြင်နာပြီး သတ္တိရှိသူတွေလည်း ဖြစ်တယ်။ အဲဒီအရည်အသွေးတွေက ယေဟောဝါကို သစ္စာစောင့်သိနိုင်ဖို့ ကျွန်တော်တို့ကို ဘယ်လို ကူညီပေးနိုင်တယ်ဆိုတာ ကြည့်ကြစို့။
နှိမ့်ချရမယ်
၉။ ဒါဝိဒ်ကိုသတ်ဖို့ အာဗနာ ဘာကြောင့် ကြိုးစားခဲ့သလဲ။
၉ ဂေါလျတ်ရဲ့ခေါင်းကိုဖြတ်ပြီး ဘုရင်ရှောလုဆီ ဒါဝိဒ်ယူလာတာကို ရှောလုရဲ့သား ယောနသန်နဲ့ အစ္စရေးစစ်ဗိုလ်ချုပ် အာဗနာတို့ မြင်ခဲ့တယ်။ အဲဒီနောက်ပိုင်း ယောနသန်ဟာ ဒါဝိဒ်နဲ့ မိတ်ဆွေဖွဲ့ပြီး သူ့အပေါ် သစ္စာစောင့်သိခဲ့တယ်။ (၁ ရာ. ၁၇:၅၇–၁၈:၃) အာဗနာကတော့ အဲဒီလိုလုပ်မယ့်အစား နောက်ပိုင်းမှာ ဒါဝိဒ်ကိုသတ်ဖို့တောင် ရှောလုကို ကူညီပေးတယ်။ (၁ ရာ. ၂၆:၁-၅; ဆာ. ၅၄:၃) နောက်တက်မယ့်ဘုရင်အဖြစ် ဒါဝိဒ်ကို ဘုရားရွေးချယ်ထားမှန်း ယောနသန်နဲ့ အာဗနာ နှစ်ယောက်စလုံး သိတယ်။ အာဗနာဟာ ရှောလုသေပြီးနောက်မှာလည်း ကိုယ့် ကိုယ်ကိုယ် နှိမ့်ချပြီး ဒါဝိဒ်ကို ကူညီပေးနိုင်တယ်။ အဲဒီအစား ရှောလုရဲ့သား ဣရှဗောရှက်ကို ဘုရင်မြှောက်ဖို့ ကြိုးစားတယ်။ နောက်ပိုင်း၊ ကိုယ်တိုင် ဘုရင်ဖြစ်ချင်လာလို့ ဘုရင်ရှောလုရဲ့မယားငယ်ကို သိမ်းပိုက်ခဲ့ပုံရတယ်။ (၂ ရာ. ၂:၈-၁၀; ၃:၆-၁၁) ဒါဝိဒ်အပေါ် ယောနသန်နဲ့ အာဗနာရဲ့ တုံ့ပြန်ပုံ ဘာကြောင့် သိပ်ကွာခြားတာလဲ။ ဘာကြောင့်လဲဆိုတော့ ယောနသန်က ယေဟောဝါအပေါ် သစ္စာစောင့်သိပြီး နှိမ့်ချမှုရှိပေမဲ့ အာဗနာကတော့ အဲဒီလိုမဟုတ်လို့ပဲ။
၁၀။ ဘုရားသခင်အပေါ် အဗရှလုံ ဘာကြောင့် သစ္စာမစောင့်သိတာလဲ။
၁၀ ဘုရင်ဒါဝိဒ်ရဲ့သား အဗရှလုံဟာ နှိမ့်ချမှုမရှိတဲ့အတွက် ဘုရားသခင်ကို သစ္စာမစောင့်သိခဲ့ဘူး။ ဘုရင်ဖြစ်ချင်တဲ့အတွက် “ရထားများနှင့် မြင်းများကိုလည်းကောင်း၊ မိမိရှေ့မှာပြေးရသော လူငါးဆယ်ကိုလည်းကောင်း” ပြင်ဆင်တယ်။ (၂ ရာ. ၁၅:၁) လူတွေ သူ့ကို သစ္စာစောင့်သိလာအောင် ဖြားယောင်းတယ်။ ဒါဝိဒ်ကို ဘုရင်အဖြစ် ယေဟောဝါခန့်အပ်ထားမှန်း သိလျက်နဲ့ ဖခင်ဒါဝိဒ်ကို သတ်ဖို့ ကြိုးစားခဲ့တယ်။—၂ ရာ. ၁၅:၁၃၊ ၁၄; ၁၇:၁-၄။
၁၁။ အာဗနာ၊ အဗရှလုံနဲ့ ဗာရုတ်အကြောင်း ကျမ်းစာမှတ်တမ်းကနေ ဘယ်လို အကျိုးရရှိနိုင်သလဲ။
၁၁ လူတစ်ယောက်ဟာ နှိမ့်ချမှုမရှိဘဲ အာဏာမက်လာပြီဆိုရင် ဘုရားသခင်ကို သစ္စာစောင့်သိဖို့ အခက်တွေ့နိုင်တယ်။ ယေဟောဝါကို ကျွန်တော်တို့ ချစ်တယ်။ အာဗနာနဲ့ အဗရှလုံလို ယုတ်မာတဲ့ တစ်ကိုယ်ကောင်းသမားတွေ မဖြစ်ချင်ဘူး။ ဒါပေမဲ့ ငွေ၊ သြဇာရှိတဲ့အလုပ်အကိုင် စတာတွေကို တပ်မက်တဲ့သဘောထား မဝင်လာဖို့ သတိပြုရမယ်။ အဲဒါတွေက ယေဟောဝါနဲ့ဆက်ဆံရေးကို ထိခိုက်စေနိုင်တယ်။ ယေရမိရဲ့ အတွင်းရေးမှူးဗာရုတ်ဟာ အချိန်အတိုင်းအတာတစ်ခုအထိ ဟန်ချက်ပျက်ခဲ့တယ်။ ကိုယ့်မှာမရှိတာတွေကို လိုချင်တပ်မက်လာပြီး ဘုရားအမှုဆောင်ရတာ မပျော်တော့ဘူး။ ‘ငါတည်ဆောက်ခဲ့တဲ့အရာကို ဖြိုချမယ်။ ငါစိုက်ပျိုးခဲ့တဲ့အရာကို နုတ်ပစ်မယ်။ တစ်ပြည်လုံးကို အဲဒီလိုလုပ်မယ်။ မင်းက ကြီးမြတ်တဲ့အရာတွေကို ကိုယ့်အတွက် ရှာနေတယ်။ အဲဒါတွေကို ဆက်မရှာပါနဲ့တော့’ လို့ ဗာရုတ်ကို ယေဟောဝါ ပြောတယ်။ (ယေ. ၄၅:၄၊ ၅၊ ကဘ) ယေဟောဝါရဲ့စကားကို ဗာရုတ် နားထောင်ခဲ့တယ်။ မကြာခင်၊ ဒီလောကဆိုးကို ဘုရားသခင် ဖျက်ဆီးတော့မှာမို့ ကျွန်တော်တို့လည်း ဘုရားစကားကို နားထောင်ရမယ်။
အကြီးအကဲတွေဆီ အကူအညီတောင်းဖို့ သင့်ညီအစ်ကို,ကို အားပေးခြင်းက သူ့ကို ကြင်နာရာကျသလို ယေဟောဝါကိုလည်း သစ္စာစောင့်သိရာကျတယ်
၁၂။ တစ်ကိုယ်ကောင်းဆန်သူဟာ ဘာကြောင့် ဘုရားသခင်အပေါ် သစ္စာမစောင့်သိနိုင်မှန်း ရှင်းပြပါ။
၁၂ မက္ကဆီကိုမှာနေထိုင်တဲ့ ညီအစ်ကိုဒန်နီယယ်ဟာ
ဘယ်သူ့ကို ပိုသစ္စာစောင့်သိမလဲဆိုတာ ရွေးချယ်ခဲ့ရတယ်။ မယုံကြည်သူကောင်မလေးတစ်ယောက်နဲ့ သူ လက်ထပ်ချင်တယ်။ “ရှေ့ဆောင်လုပ်ရင်းနဲ့တောင် သူနဲ့ စာအဆက်အသွယ် ရှိနေတယ်” လို့ ဒန်နီယယ် ပြောတယ်။ ဒါပေမဲ့ ကိုယ်ကြိုက်တာကိုပဲ တစ်ကိုယ်ကောင်းဆန်ဆန် လုပ်နေမှန်း နားလည်လာတယ်။ “နောက်ဆုံး၊ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြီး အတွေ့အကြုံရှိအကြီးအကဲတစ်ယောက်ကို ဖွင့်ပြောပြလိုက်တယ်။ ဘုရားသခင်ကို သစ္စာစောင့်သိချင်ရင် ကောင်မလေးနဲ့ အဆက်ဖြတ်ဖို့လိုမှန်း နားလည်လာအောင် သူ ကူညီပေးတယ်။ အကြိမ်ကြိမ် မျက်ရည်နဲ့ဆုတောင်းပြီးနောက်မှာတော့ အဲဒီအတိုင်း လုပ်ဆောင်ခဲ့တယ်။ မကြာခင်မှာပဲ အမှုဆောင်လုပ်ငန်းမှာ ပိုပျော်ရွှင်လာတယ်” လို့ ဒန်နီယယ် ပြောပြတယ်။ နောက်ပိုင်း၊ ယေဟောဝါကိုချစ်တဲ့ ညီအစ်မတစ်ယောက်နဲ့ လက်ထပ်လိုက်ပြီး အခု တိုက်နယ်ကြီးကြပ်မှူးအဖြစ် အမှုဆောင်နေတယ်။ဘုရားသခင်အပေါ် သစ္စာစောင့်သိခြင်းက ကြင်နာမှုရှိဖို့ ကူညီပေး
၁၃။ ဒါဝိဒ် အပြစ်ကျူးလွန်တဲ့အခါ ဘုရားသခင်ကိုရော ဒါဝိဒ်ကိုပါ သစ္စာစောင့်သိကြောင်း နာသန် ဘယ်လို ဖော်ပြသလဲ။
၁၃ ယေဟောဝါကို သစ္စာစောင့်သိခြင်းက တခြားသူတွေကို သစ္စာစောင့်သိနိုင်အောင်လည်း ကျွန်တော်တို့ကို ကူညီပေးနိုင်တယ်။ ပရောဖက်နာသန်ဟာ ယေဟောဝါကို သစ္စာစောင့်သိပြီး ဒါဝိဒ်ကိုလည်း သစ္စာစောင့်သိတယ်။ ဥရိယရဲ့ မိန်းမနဲ့ ဒါဝိဒ် ဖောက်ပြန်ပြီး ဥရိယကိုလည်း စစ်ပွဲမှာသေအောင် စီစဉ်တဲ့အတွက် ဒါဝိဒ်ကို ဆုံးမဖို့ နာသန်ကို ယေဟောဝါ စေလွှတ်တယ်။ ယေဟောဝါကို နာသန် နာခံခဲ့တယ်။ ဒါဝိဒ်ကို သတ္တိရှိရှိ၊ ပညာရှိရှိ၊ ကြင်ကြင်နာနာ ဆုံးမခဲ့တယ်။ ကိုယ့်အပြစ် ဘယ်လောက်ကြီးမှန်း ဒါဝိဒ် နားလည်အောင် နာသန် ကူညီပေးချင်တယ်။ ဒါကြောင့် ဆင်းရဲသားရဲ့ သိုးကို လုယူတဲ့ သူဌေးအကြောင်း ပြောပြတယ်။ အဲဒီသူဌေးကို ဒါဝိဒ် တအားစိတ်ဆိုးတဲ့အခါ ‘အဲဒီလူဟာ မင်းကြီးကိုယ်တိုင်ပါပဲ’ လို့ နာသန် ပြောလိုက်တယ်။ ယေဟောဝါကို ပြစ်မှားမိမှန်း ဒါဝိဒ် နားလည်သွားတယ်။—၂ ရာ. ၁၂:၁-၇၊ ကဘ၊ ၁၃။
၁၄။ သင်ဟာ ယေဟောဝါကိုရော ကိုယ်ချစ်မြတ်နိုးသူတွေကိုပါ ဘယ်လို သစ္စာစောင့်သိနိုင်သလဲ။
၁၄ သင်လည်း ကြင်နာမှုရှိခြင်းအားဖြင့် ယေဟောဝါကိုရော တစ်ချိန်တည်းမှာ တခြားသူတွေကိုပါ သစ္စာစောင့်သိနိုင်တယ်။ ဥပမာ၊ ယုံကြည်သူချင်းတစ်ယောက် အပြစ်ကြီးတစ်ခုကျူးလွန်တာကို သင် သိထားတယ်ဆိုပါစို့။ အထူးသဖြင့် သူက သင့်မိသားစုဝင် ဒါမှမဟုတ် သူငယ်ချင်းဖြစ်နေတယ်ဆိုရင် သူ့ကို သစ္စာစောင့်သိရမယ်လို့ သင် ခံစားရနိုင်တယ်။ ယေဟောဝါကို သစ္စာစောင့်သိဖို့က နံပါတ်တစ်ဖြစ်မှန်းလည်း သင်သိတယ်။ ဒါကြောင့် နာသန်လိုပဲ ကြင်နာမှုရှိပြီး တစ်ချိန်တည်းမှာ ခိုင်မာပြတ်သားပါ။ အကြီးအကဲတွေဆီ အကူအညီတောင်းဖို့၊ သူတို့ကို ဖွင့်ပြောပြဖို့ သူ့ကို အားပေးပါ။ အချိန်အတိုင်းအတာတစ်ခုအတွင်း သူ အဲဒီလိုမလုပ်ဘူးဆိုရင် အကြီးအကဲတွေကို သင်ကိုယ်တိုင် သွားပြောပြပါ။ ဒီနည်းအားဖြင့် ယေဟောဝါကို သစ္စာစောင့်သိရာကျသလို သူ့ကိုလည်း ကြင်နာရာကျတယ်။ ယေဟောဝါနဲ့ ဆက်ဆံရေးပြန်ကောင်းလာအောင် အကြီးအကဲတွေ သူ့ကို ကူညီပေးနိုင်လို့ပဲ။ အကြီးအကဲတွေက နူးညံ့သိမ်မွေ့တဲ့သဘောနဲ့ တည့်မတ်ပေးပါလိမ့်မယ်။—ဝတ်ပြုရာ ၅:၁ နဲ့ ဂလာတိ ၆:၁ တို့ကိုဖတ်ပါ။
ဘုရားသခင်ကို သစ္စာစောင့်သိနိုင်ဖို့ သတ္တိ လိုအပ်
၁၅၊ ၁၆။ ဘုရားသခင်ကို သစ္စာစောင့်သိဖို့ ဟုရှဲမှာ ဘာကြောင့် သတ္တိ လိုအပ်သလဲ။
၁၅ ဟုရှဲဟာ ဘုရင်ဒါဝိဒ်ရဲ့ သစ္စာရှိမိတ်ဆွေ ဖြစ်တယ်။ အဗရှလုံကို လူတွေ ဘုရင်တင်မြှောက်ချင်တဲ့အခါ ဟုရှဲရဲ့ သစ္စာစောင့်သိမှု စမ်းသပ်ခံခဲ့ရတယ်။ အဗရှလုံနဲ့ စစ်တပ် ဂျေရုဆလင်ကိုရောက်လာလို့ ဒါဝိဒ် ထွက်ပြေးနေရမှန်း ဟုရှဲ သိတယ်။ (၂ ရာ. ၁၅:၁၃; ၁၆:၁၅) ဟုရှဲ ဘာဆက်လုပ်မလဲ။ အဗရှလုံနဲ့ ပူးပေါင်းမလား ဒါမှမဟုတ် အိုကြီးအိုမနဲ့ ထွက်ပြေးနေရတဲ့ ဒါဝိဒ်နောက် လိုက်သွားမလား။ ဘုရားခန့်အပ်ထားတဲ့ဘုရင်ကို သစ္စာစောင့်သိဖို့ ဟုရှဲ ဆုံးဖြတ်ထားတဲ့အတွက် သံလွင်တောင်မှာရှိနေတဲ့ ဒါဝိဒ်ဆီ လိုက်သွားခဲ့တယ်။—၂ ရာ. ၁၅:၃၀၊ ၃၂။
၁၆ ဂျေရုဆလင်ကို ပြန်သွားပြီး အဗရှလုံရဲ့မိတ်ဆွေ ယောင်ဆောင်ဖို့၊ အဟိသောဖေလရဲ့ အကြံကို ဖျက်ဖို့ ဟုရှဲကို ဒါဝိဒ် ပြောတယ်။ ဟုရှဲဟာ အသက်ကို ပဓာနမထားဘဲ ဒါဝိဒ်ခိုင်းတဲ့အတိုင်း သတ္တိရှိရှိ လုပ်ဆောင်ခဲ့တယ်။ ယေဟောဝါကို သစ္စာစောင့်သိကြောင်း သက်သေပြခဲ့တယ်။ ဒါဝိဒ်ဆုတောင်းတဲ့အတိုင်း သတ္တိခဲဟုရှဲဟာ အဟိသောဖေလရဲ့ အကြံကို ဖျက်နိုင်ခဲ့တယ်။—၂ ရာ. ၁၅:၃၁; ၁၇:၁၄။
၁၇။ သစ္စာစောင့်သိနိုင်ဖို့ ဘာကြောင့် သတ္တိ လိုအပ်သလဲ။
၁၇ ယေဟောဝါကို သစ္စာစောင့်သိဖို့ ကျွန်တော်တို့မှာလည်း သတ္တိလိုအပ်တယ်။ ညီအစ်ကိုညီအစ်မများစွာဟာ မိသားစုဝင်၊ အလုပ်ဖော်၊ အစိုးရအာဏာပိုင်တွေရဲ့ ဖိအားပေးမှု ကြုံရတဲ့အခါ သတ္တိရှိရှိ ရပ်တည်နေကြတယ်။ ဥပမာ၊ ဂျပန်နိုင်ငံမှာနေထိုင်တဲ့ လူငယ်လေး တာရိုဟာ မိဘစကား မြေဝယ်မကျနားထောင်သူဖြစ်တယ်။ နားထောင်ဖို့ တာဝန်ရှိလို့သာ မဟုတ်ဘဲ မိဘတွေကို ချစ်လို့ နားထောင်တာဖြစ်တယ်။ ဒါကြောင့် မိဘတွေက သူ့ကို ယေဟောဝါသက်သေတွေနဲ့ အဆက်ဖြတ်စေချင်တဲ့အခါ သူ့ဆုံးဖြတ်ချက်ကို ပြောပြဖို့ တော်တော်ခက်တယ်။ စိတ်လည်း မကောင်းဘူး။ တာရို အခုလိုပြောတယ်– “ကျွန်တော့်ကို စိတ်ဆိုးလွန်းလို့ မိဘတွေ အတွေ့မခံတာ နှစ်ပေါင်းမနည်းဘူး။ ဆုံးဖြတ်ချက်အတိုင်း ရပ်တည်နိုင်တဲ့ သတ္တိပေးဖို့ ကျွန်တော် ဆုတောင်းခဲ့တယ်။ အခုတော့ သူတို့ရဲ့သဘောထား ပျော့ပျောင်းလာပါပြီ။ သူတို့ဆီ ကျွန်တော် ပုံမှန်လည်ပတ်နိုင်ပြီ။”—သုတ္တံ ၂၉:၂၅ ကိုဖတ်ပါ။
၁၈။ အခု လေ့လာသွားတဲ့အကြောင်းအရာကနေ သင် ဘယ်လို အကျိုးရရှိသလဲ။
၁၈ ဒါဝိဒ်၊ ယောနသန်၊ နာသန်နဲ့ ဟုရှဲလိုပဲ ကျွန်တော်တို့လည်း ယေဟောဝါကို သစ္စာစောင့်သိမယ်ဆိုရင် စိတ်ကျေနပ်မှု ခံစားရပါလိမ့်မယ်။ သစ္စာမရှိတဲ့ အာဗနာနဲ့ အဗရှလုံဆီကနေ သင်ခန်းစာယူကြပါစို့။ ကျွန်တော်တို့ မစုံလင်ဘူး၊ အမှားတွေ လုပ်မိနိုင်တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ယေဟောဝါကို သစ္စာစောင့်သိခြင်းဟာ ကျွန်တော်တို့ဘဝမှာ အရေးကြီးဆုံးအရာဖြစ်ကြောင်း သက်သေပြနိုင်ပါတယ်။
^ [၁] (အပိုဒ် ၇) နာမည်တချို့ ပြောင်းထားပါတယ်။