မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါရဲ့ လမ်းညွှန်မှု​က​နေ အကျိုး​ရ​ယူ​ပါ

ယေဟောဝါရဲ့ လမ်းညွှန်မှု​က​နေ အကျိုး​ရ​ယူ​ပါ

ပို​လန်​နိုင်​ငံ​က ပညာ​ရှိ​ရွေး​ချယ်​မှု

“ကျွန်​မ အသက် ၁၅ နှစ်​မှာ နှစ်ခြင်း​ခံ​ပြီး ခြောက်​လ​အကြာ​မှာ အရန်​ရှေ့​ဆောင် စ​လုပ်​တယ်။ တစ်​နှစ်​ကြာ​ပြီး​နောက် မှန်​မှန်​ရှေ့​ဆောင် လျှောက်​လွှာ​တင်​လိုက်​တယ်။ အလယ်​တန်း​ကျောင်း​ပြီး​တော့ သတင်း​ကောင်း​ဟော​ပြော​သူ ပို​လို​အပ်​တဲ့​ဒေ​သကို ပြောင်း​ရွှေ့​ဖို့ တောင်း​ဆို​ကြည့်​တယ်။ ဇာတိ​မြို့​က​နေ ပြောင်း​ချင်​တယ်။ အဖွား​နဲ့​လည်း အတူ​မနေ​ချင်​ဘူး။ အဖွား​က ယေဟောဝါ​သက်​သေ မဟုတ်​ဘူး​လေ။ ဒီ​ဇာတိ​မြို့​မှာ​ပဲ ဟော​ရ​မယ်​လို့ တိုက်​နယ်​ကြီး​ကြပ်​မှူး​ ပြော​တော့ စိတ်​ပျက်​သွား​တယ်။ ကျွန်​မ ဘယ်​လို​ခံစား​ရ​မှန်း သူ့​ကို​တော့ မသိ​စေ​ချင်​ဘူး။ ခေါင်း​ငိုက်​စိုက်​ချ​ရင်း တိုက်​နယ်​ ပြော​တာ​ကို စဉ်း​စား​ပြီး ထွက်​လာ​လိုက်​တယ်။ ကျွန်​မရဲ့ ရှေ့​ဆောင်​အဖော်​ကို ‘ငါ​တော့ ယောန​လို ဖြစ်​နေ​ပြီ ထင်​တယ်။ နောက်​ဆုံး​မှာ​တော့ နိ​နေ​ဝေ​မြို့​ကို သူ ပြန်​သွား​ရ​တာ​ပဲ​လေ။ ငါ​လည်း ဒီ​မှာ​ပဲ ဆက်​အမှု​ဆောင်​တော့​မယ်’ လို့ ပြော​လိုက်​တယ်။

“အခု ဇာတိ​မြို့​မှာ ရှေ့​ဆောင်​လုပ်​နေ​တာ လေး​နှစ်​ ရှိ​ပြီ။ ရ​ရှိ​တဲ့ လမ်း​ညွှန်​ချက်​အတိုင်း လိုက်​လျှောက်​တာ ဘယ်​လောက် ပညာ​ရှိ​မှန်း တွေ့​နေ​ရ​တယ်။ အဓိ​က​ပြဿ​နာ​က ကျွန်​မရဲ့ အပျက်​သဘော​ထား​ပါ။ အခု​တော့ သိပ်​ပျော်​နေ​ပြီလေ။ တစ်​လ​မှာ ကျမ်း​စာ​သင်​အံ​မှု ၂၄ ခု ကျင်း​ပနေ​ရ​တယ်။ အရင်​က ဆန့်​ကျင်​ခဲ့​တဲ့ အဖွား​နဲ့​တောင် ကျမ်း​စာ​သင်​အံ​မှု စ​နိုင်​ခဲ့လို့ ယေဟောဝါ​ကို သိပ်​ကျေး​ဇူး​တင်​တယ်။”

ဖီ​ဂျီ​မှာ​ရ​ရှိ​တဲ့ ရ​လ​ဒ်​ကောင်း

ဖီ​ဂျီ​မှာ ကျမ်း​စာ​သင်​သား​တစ်​ယောက်​က ခ​ရိုင်​အစည်း​အဝေး တက်​မလား၊ ခင်​ပွန်း​ဘက်​က ဆွေ​မျိုး​တစ်​ယောက်​ရဲ့ မွေး​နေ့​ပွဲ သွား​မလား ဆို​တာ ဆုံး​ဖြတ်​ခဲ့ရ​တယ်။ ခ​ရိုင်​အစည်း​အဝေး သွား​တက်​ဖို့ သူ့​ခင်​ပွန်း ခွင့်​ပေး​တယ်။ ပြန်​လာ​တဲ့​အခါ မွေး​နေ့​ပွဲ လိုက်​ခဲ့​ပါ့​မယ်​လို့ သူ ပြော​လိုက်​တယ်။ အိမ်​ပြန်​ရောက်​တော့ သူ့​ရဲ့ ဘု​ရား​ရေးရာ​ကို​ ထိ​ခိုက်​နိုင်​တဲ့ ဒီ​လို​ပွဲ​မျိုး​ကို မသွား​တာ ပို​ကောင်း​မယ်​လို့ တွေး​ပြီး မသွား​တော့​ဘူး။

ဒီ​အတော​အတွင်း ခင်​ပွန်း​ဖြစ်​သူ​က သူ့​ဇနီး​ဟာ “သက်သေခံ​ အစည်း​အဝေး” ပြီး​ရင် ဒီ​ပွဲ​ကို လာ​လိမ့်​မယ်​လို့ အမျိုး​တွေ​ကို ပြော​ထား​တယ်။ အမျိုး​တွေ​က “သူ​လာ​မှာ​ မဟုတ်​ပါ​ဘူး။ ယေဟောဝါ​သက်​သေတွေ မွေး​နေ့ မလုပ်​ဘူး” လို့​ပြန်​ပြော​ကြ​တယ်။ *

ကိုယ့်​ယုံ​ကြည်​ချက်၊ ကိုယ့်​သိ​စိတ်​အတိုင်း ရပ်​တည်​ခဲ့​တဲ့ ဇနီး​အတွက် ခင်​ပွန်း​ဖြစ်​သူ ဂုဏ်​ယူ​မိ​တယ်။ သူ့​ရဲ့ သစ္စာ​ရှိ​မှု​ကြောင့် ခင်​ပွန်း​ကို​ရော၊ တ​ခြား​သူ​တွေ​ကို​ပါ သက်သေခံ​ဖို့ အခွင့်​အရေး ရ​ရှိ​ခဲ့​တယ်။ ရ​လ​ဒ်​အနေ​နဲ့ သူ့​ခင်​ပွန်း ကျမ်း​စာ​သင်​အံ​မှု လက်ခံ​လိုက်​ပြီး အစည်း​အဝေး​တွေ လိုက်​တက်​နေ​ပြီ။

^ စာပိုဒ်၊ 7 ၂၀၀၁၊ ဒီ​ဇင်​ဘာ ၁၅ ကင်း​မျှော်​စင် စာ​ရှု​သူ​များ​ထံ​မှ မေး​ခွန်း​လွှာ” ကို​ကြည့်​ပါ။