မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရှာဖွေစရာ အကြံပြုလွှာ

ရှာဖွေစရာ အကြံပြုလွှာ

ကလေးများ လက်တွေ့ လုပ်ကြည့်နိုင်တဲ့ အပိုင်း

ကလေးတွေကို ယေဟောဝါအကြောင်း သင်ပေးဖို့ဆိုတဲ့ တာဝန်ဟာ မိဘတွေအတွက် သိပ်အရေးကြီးတယ်။ (ဧ. ၆:၄) မိဘတွေ အကူအညီ ရဖို့ ဆောင်းပါးတွေ၊ ဗီဒီယိုတွေ၊ သီချင်းတွေကို အဖွဲ့အစည်း ပြင်ဆင်ပေးထားပါတယ်။ ဒါတွေ ဘယ်လို သုံးနိုင်မလဲ။

  • jw.org မှာ ရှာပါ။ ကလေးတွေအတွက် ရည်ရွယ်ထားတဲ့ ဗီဒီယိုတွေ၊ ချရေး၊ ချဆွဲနိုင်တဲ့ စာမျက်နှာတွေ အများကြီး ရှိတယ်။ a ရှာဖွေပါ အကွက်မှာ “ကလေးများ” ဒါမှမဟုတ် “ဆယ်ကျော်သက်များ” ဆိုပြီး ရိုက်ထည့်ပါ။

  • သင့်ကလေးနဲ့ ကိုက်တာကို ရွေးပါ။ “ကလေးများ” ဆိုတဲ့ အပိုင်းမှာ သင့်ကလေးနဲ့ ကိုက်မယ့် ဗီဒီယိုတွေ၊ သီချင်းတွေ၊ လက်တွေ့ လုပ်ကြည့်နိုင်တဲ့ အပိုင်းတွေ ရွေးနိုင်တယ်။ “မိသားစုဝတ်ပြုမှုအတွက် အစီအစဉ်များ” အပိုင်းကိုလည်း ကြည့်နိုင်တယ်။

  • သင့်ကလေးနဲ့အတူ အချိန်ပေး လေ့လာပါ။ ထိန်းရလွတ်ရင် ပြီးရောဆိုပြီး ကလေးကို တစ်ယောက်တည်း ဗီဒီယို မကြည့်ခိုင်းပါနဲ့။ လက်တွေ့ လုပ်ကြည့်နိုင်တဲ့ အပိုင်းတွေ မလုပ်ခိုင်းပါနဲ့။ အတူတူ လေ့လာပါ။ ယေဟောဝါနဲ့ ဆက်ဆံရေးကောင်း ရှိလာဖို့ ကူညီပေးပါ။

a JW Library® မှာ ကလေးတွေအတွက် ဗီဒီယိုတွေ စုံသလောက် ရှိတယ်။ လက်တွေ့ လုပ်ကြည့်နိုင်တဲ့ ကဏ္ဍတွေတော့ မစုံသေးဘူး။